ZAWGYI
မေပယ်လ်ရွက်လေးတွေနဲ့အတူ(၁)
ချစ်သူမျက်နှာကို တဝကြီးကြည့်ပြီး နိုးထရသော နံနက်ခင်းသည် ကျွန်တော့်အတွက် အလှပဆုံးဖြစ်သည်။
ကြည့်ပါဦး...ကျွန်တော့်ရဲ့ChanYeolက ဘယ်လောက်တောင် ပြီးပြည့်စုံလိုက်သလဲဆိုတာ။ အိပ်မောကျနေတဲ့ ပုံစံလေးက သဘာဝဆန်ဆန် ချောမောနေလိုက်တာ။
ကြည့်နေရင်းနဲ့ကို ကြည့်လို့မဝနိုင်ဘူး။ နံနက်တိုင်းမြင်နေရတဲ့ သူ့မျက်နှာကို အသေးစိတ်ကြည့်ပြီးမှ နိုးထရတဲ့ အလုပ်တစ်ခုက ကျွန်တော် ဘယ်တော့မှ ငြီးငွေ့မှာမဟုတ်တဲ့ အလုပ်။ နေ့တိုင်း သူ့ကို ချစ်နေရသည်ကလည်း ကျွန်တော် ဘယ်တော့မှ ငြီးငွေ့သွားမှာမဟုတ်တဲ့ အရာ။
ဟော...သူ နိုးလာပြီ။
ကျွန်တော် မျက်လုံးပြန်ပိတ်ကာ အိပ်ချင်ယောင်ဆောင်လိုက်ရင်း နံနက်တိုင်း သူ့ဆီက ရနေကျ အနမ်းတစ်ပွင့်ကို လက်ခံလိုက်သည်။ သူကတော့ ကျွန်တော်မသိဘူးအထင်နဲ့ စိတ်တိုင်းကျပေးတိုင်း ကျွန်တော်ကလည်း သူမသိအောင် တိတ်တဆိတ်ခံယူသည်ပေါ့။
"BaekHyun ထတော့လေ၊ ကျောင်းသွားရမယ်"
သူ့နှုတ်ခမ်းက ကျွန်တော့်မျက်နှာနေရာအနှံ့ ကျူးကျော်လို့ဝပြီဆိုမှ သူတော်ကောင်းယောင်ဆောင်ပြီး ကျွန်တော့်ကို နှိုးတာ သူ့ရဲ့နေ့စဉ်တာဝန်။
"ထတော့လေ ဘေဘီရဲ့။ ကျောင်းနောက်ကျနေမယ်"
အိပ်ရာပေါ်က မထသေးတဲ့ ကျွန်တော့်နား အနားကပ်ကာ သူတိုးတိုးပြောတယ်။ သိသားပဲ။ ကျွန်တော် မထသေးရင် သူ ဒီလိုပဲ နှလုံးသားတစ်ခုလုံး ပုရွက်ဆိတ်တက်တော့မလို အသည်းယားဖွယ်ခေါ်လိမ့်မယ်ဆိုတာ။
ပြောရင်းဆိုရင်း ကျွန်တော့်နားကို သူ့သွားလေးတွေနဲ့ ခပ်ဖွဖွကိုက်လိုက်၊ သူ့နှုတ်ခမ်းထူထူတွေနဲ့ အတင်းဖိနမ်းလိုက်ဖြင့် ကျွန်တော် မထမချင်း ကစားနေပြန်တယ်။
"ယားတယ်"
"ယားရုံပဲလား"
"တော်ပြီ၊ မလုပ်နဲ့တော့၊ ထမယ် "
ထိုအခါမှ သူက ကျေနပ်သွားပြီး ပြတင်းပေါက်အနားသွားသည်။ နံနက်တိုင်း ခန်းဆီးလိုက်ကာဖွင့်တာကလည်း သူ့တာဝန်ပါပဲ။ ဒါပေမဲ့ ခန်းဆီးကို ဖွင့်တာက အကြောင်းမဟုတ်။
အကြောင်းဟုတ်သည်က တစ်လနေမှ တစ်ခါပင် တွေ့ခဲ့လှသော တစ်ဖက်အိမ်မှ အသက်(၆၀)အရွယ်အမျိုးသမီးကြီးသည် ပန်းပင်ရေလောင်းနေရင်းမှ အတွင်းဝတ်ဘောင်းဘီလေးက လွဲလို့ တစ်ကိုယ်လုံးဗလာကျင်းဖြစ်သော သူနဲ့ ကျွန်တော်ကိုတွေ့သွားခြင်းပင်။ စောင်တွေနဲ့ လုံးထွေးနေရာက ထပြီး ခုတင်ပေါ်မှဆင်းကာစအနေအထားနဲ့ ကျွန်တော့်ကို တွေ့တော့ သူ့ရဲ့အပြာရောင်မျက်ဝန်းများက ပိုကျယ်လာသလိုထင်ရသည်။
YOU ARE READING
Married to a Prince
Fanfiction♡ChanBaek♡ I am not a princess...but I got married to a prince. {Zawgyi+Unicode}