Episode-18

17.7K 1.8K 20
                                    

ZAWGYI

နောက်တစ်ကြိမ် ပြန်လည်‌ကျ‌ရောက်လာတဲ့ ကျောင်းပိတ်ရက်ကိုတော့ ကျွန်တော်က အခန်းထဲမှာပဲ စာလုပ်ရင်း အချိန်ဖြုန်းနေရသည်။

"တွေ့ဆုံပွဲက အခုလား"

ကျွန်‌တော် စာကြည့်စားပွဲမှာ စာအုပ်တွေနဲ့ လုံးပန်းနေရာမှ ခုတင်ပေါ်မှာ ထိုင်ကာ ဖုန်းပြောနေသော ChanYeolဆီ တစ်ချက်လှည့်ကြည့်မိသည်။

"အေး၊ ငါလာခဲ့မယ်"

ဖုန်းပြောပြီးတော့ အဝတ်ဗီဒိုထဲက အင်္ကျီသန့်သန့်တချို့ကိုထုတ်၊ ကိုယ်မှာ ကပ်ကြည့်ပြီး အသေအချာ ရွေးနေသော သူ။

သူ အပြင်သွားမယ့်အကြောင်း ကျွန်တော့်ကို တစ်ခွန်းမှတောင် မဟပါလား!

"BaekHyun ငါ အလယ်တန်းတုန်းကသူငယ်ချင်းတွေ တွေ့ဆုံပွဲကို ခဏသွားဦးမယ်"

သူက အဝတ်အစားကို ကျကျနနဝတ်ဆင်ပြီးတဲ့နောက် ဆံပင်ကို ပြန်ပုံသွင်းနေသည်။ အိမ်နေရင်း ဆံပင်စုတ်ဖွားနဲ့လည်း သူက ကြည့်လို့ ကောင်းနေတာပဲကို။

"ညစာ မစောင့်နဲ့တော့"

"အ...အင်း"

ပြောလိုက်ရပေမဲ့ ညစာထမင်းဝိုင်းမှာ သူမပါဘဲ တစ်ယောက်တည်း စားရမယ့်အဖြစ်ကို တွေးမိတော့ ကြောက်စိတ်ဝင်လာမိတယ်။

သူ့အဖေနဲ့အမေက သဘောကောင်းတယ်ဆိုပေမဲ့၊ Yura noonaက နွေးနွေးထွေးထွေးဆက်ဆံပေးတယ်ဆိုပေမဲ့ စားပွဲဝိုင်းမှာ သူမရှိဘဲ ကျွန်တော်တစ်ယောက်တည်း ထိုင်ဖို့သတ္တိတော့ မရှိ။ ရှိန်တယ်လို့ပဲ ဆိုရမလား။

"ဒါဆို ငါ သွားပြီနော်"

အနွေးထည်ကို လက်တစ်ဖက်မှာ ချိတ်ကာ အခန်းထဲက ထွက်သွားတဲ့ သူ့ကျောပြင်ကို ကျွန်တော် ငေးကြည့်နေမိတယ်။

အခုတော့ ကျွန်တော် တစ်ယောက်တည်း ကျန်ရစ်ခဲ့တာပဲ။

~~~

ညနေ(၅)နာရီထိုးခါနီးပြီ။

ChanYeolသွားကတည်းက ကျွန်တော်တစ်ယောက်တည်း စာလုပ်နေခဲ့သည်မှာ ကြာလှပြီမို့ ပျင်းရိစပြုလာသည်။ ဒါကြောင့် အညောင်းပြေ၊အညာပြေလမ်းလျှောက်ထွက်ဖို့ အနွေးထည်အပါးလေး ထပ်ဝတ်ကာ အပြင်သို့ထွက်လာခဲ့သည်။

Married to a PrinceWhere stories live. Discover now