မနက်8နာရီမထိုးသေးဘဲ ဘယ်သူကမှသူ့ကိုအိပ်ယာမှမနိုးရဲ…မင်းသွေးပါ၍
အအိပ်ကြီးသည်လာတော့မသိ…
8နာရီထိုးသည့်တိုင်အောင်ပင် အိပ်တော်ထိန်းကြီးgagaက
သံစုံနှိုးစက်ခလုတ်လေးကိုနှိပ်ပေးရသည်
ထိုနှိုးစက်သံလေးထဲကကျေးသံဌက်သံနှင့်ငြိမ့်ညောင်းသောအသံလေးကိုတော့ သူနှစ်သက်လှသည်
အိပ်ယာကနိုးသည်နှင့် ထောပတ်နံ့သင်းနေသောပေါင်မုန့်ကင်ကို
စားလိုက်ရမှကျေနပ်သူဖြစ်သည်
သူ၏အမူအလေ့မှန်သမျှကို gagaကသိပြီးသား
gaga၏ဝန်ထမ်းသက်က15နှစ်ကျော်နေပြီ အလုပ်စဝင်ကတည်းက
jungkookရဲ့အပါးတော်မြဲအဖြစ်သာ
breakfastစားနေတဲ့သူ့အနားgagaရောက်လာပြီး
'''jungkook အပြင်မှာsuzanစောင့်နေတယ်
'''ဘာကိစ္စလဲဗျာ ဘာအကြောင်းမှမရှိပဲ
''သူလာစောင့်တာတစ်နာရီကျော်ကြာပြီ jungkookရ
'''တစ်ကမ္ဘာကြာလဲ ဂရုစိုက်စရာမလိုဘူး
စကားအဆုံးမှာဂြိုလ်တုသတင်းအစီစဉ်တွေကိုဖမ်းယူနားထောင်သည်
တစ်လိုင်းပြီး တစ်လိုင်းပြောင်းကြည့်သည်
သူအကြိုက်ဆုံးကတော့ အားကစားသတင်းလွှင့်ရာရုပ်သံလိုင်းပင်
အဲ့သည်အထဲမှာတောင် ကားပြိုင်ပွဲတွေကိုသာရွေးကြည့်ဖြစ်စမြဲ
နိုင်ငံခြားမှာတုန်းကပြိုင်ကားတွေအမောင်းလေ့ကျင့်ဖူးသည်
ပြိုင်ပွဲဝင်ဖို့ထိရည်ရွယ်ခဲ့သော်လည်းမိဘနှစ်ပါးကပြန်ခေါ်၍အစီအစဉ်တွေပျက်ခဲ့ရသည်
'''သားလေး suzanလေးစောင့်နေတယ်ကွယ် ကြာလှပြီ
အားနာစရာကွယ်
မိခင်ကြီးကိုယ်တိုင်ကလာပြောတော့ သူသက်ပြင်းချလိုက်မိသည်
suzanကမိခင်ကြီးရဲ့တူမဝမ်းကွဲတော်သည်
'''လာခဲ့မယ် လာခဲ့မယ်
![](https://img.wattpad.com/cover/86481804-288-k815105.jpg)