သူseoulကိုဆင်းမည်ဆိုတာနဲ့ဒေါ်hanaတယောက်ပွက်ပွက်ဆူတော့သည်
'''ဘာကိစ္စလဲ ဘာလုပ်မှာလဲ seoulဆိုတာဒီမှာလိုမှတ်နေလား
ဒီမှာမင်းဘာဖြစ်ဖြစ်ဖုန်းတချက်လှည့်တာနဲ့အဆင်ပြေနိုင်တယ်
ဟိုမှာတခုခုဖြစ်ရင်ရှင်းလို့ရအုံးတော့ ကို့မျက်စိအောက်မှာမဟုတ်တော့…………
ဖေဖေကတော့ဘာမှမပြော သူ့အခြေနေကိုအကဲခတ်နေသည်
'''မေမေရယ် သားနဲ့gagaတို့ရေမြေခြားမှာနှစ်နဲ့ချီနေလာခဲ့တာ ဆယ်စုနှစ်တခုကျော်ပါ
ဟိုမှာkoreaလိုပြောလို့နားလည်တာတောင်မဟုတ်ဘူး
ဒါ ကို့နိုင်ငံ ကို့လူမျိုးကြီးပါ ပြီးတော့ဖေဖေ့လုပ်ငန်းတွေလဲအများကြီး…
''''အို ဘာပဲဖြစ်ဖြစ် မင်းဘာလုပ်လဲသိရမှဖြစ်မယ်
သည်အကြောင်းပြချက်ကိုလှလှပပသူရှာဖွေဖွဲ့နွဲ့ပြီးသား
သူတစ်ချက်ပြုံးလိုက်ပြီး
'''ဖေဖေ့ကိုသားပြောပြီးသွားပြီ
ဒေါ်hanaကခင်ပွန်းသည်ကိုလှည့်ကြည့်သည်
ဦးshinkookကခေါင်းညိမ့်ပြသည်
ဒီလောက်နဲ့ဒေါ်hanaကျေနပ်ပုံမရ
'''အိုး ဘာလဲဆိုတာပြောပြလေ မိသားစုချင်းလျှိုဝှက်ချက်တွေမထားပါနဲ့
ဒါရှင်တို့မရိုးသားတာပဲ
သူကတော့ဒူးကလေးပဲနှံ့နေလိုက်သည် ဖေဖေကသာ
'''hana မင်းမွေးထားတာ သားပါကွာ…သမီးမှမဟုတ်ပဲ မင်းနဲ့တော့ခက်ပါတယ်
ကဲ ငါအကြမ်းဖျင်းပြောပြမယ် ဒါ ငါတို့မိသားစုရဲ့အဓိကလျိုဝှက်ချက်ပဲ
မင်းစိတ်ထဲမှာ ဒါကိုအရေးပါတယ်လို့မှတ်လိုက်ပေတော့
'''အိုတော် အဓိပါယ်မရှိလိုက်တာ ကျမတို့မိသားစုမှာလျှိုဝှက်ရလောက်အောင် ဘာပြဿနာရှိနေလို့လဲ
''တော်စမ်း hana မင်းလဲ နလပိန်းတုန်း…… မိန်းမတယောက်မဟုတ်ကွာဘူးကွာ
ဘွဲ့ရပညာတတ်တယောက်ပဲ အေး တခါတရံ ကိုယ်နဲ့တအိပ်ယာထဲအိပ်တဲ့ မိန်းမတောင် အသိမပေးအပ်တာရှိတဲ့ကွ ဒါဆိုသဘောပေါက် ကျန်တာတွေ ငါဘာမှမင်းကိုဝင်မစွက်ဖက်ပေမဲ့