စားသောက်ပြီး၍ကျသင့်ငွေကို ရှင်းဖို့ gagaက ပိုက်ဆံဆွဲထုတ်လိုက်တော့ jungkookကဖြတ်ခနဲဆွဲယူရင်း
''''ကျတော့်ဘာသာ ရှင်းမယ် ပေးး
''တစ်မျိုးပါလား ဘယ်တုန်းကမှ ပိုက်ဆံကိုမကိုင်ဖူးတဲ့ကောင်က
'''နေစမ်းပါ gagaရယ်
ကောင်တာကိုjungkookလျှောက်သွား ၏ ကောင်လေးက သူ့ကိုမော့ကြည့်သည်
''''ဘယ်လောက်ကျသလဲ
''''တစ်ထောင့်နှစ်ရာ ငါးဆယ်(မြန်မာငွေလို့ခဏယူဆပေးပါ)
သူတထောင်တန်တရွက်နဲ့ ငါးရာတန်တရွက် ထုတ်ပေးပြီး
'''ဒီမှာ တစ်ထောင့်ငါးရာ ပြန်မအမ်းနဲ့တော့
''''ဘာ ခင်ဗျား ဗရုတ်ကျနေတာလား
ကောင်လေးကမျက်နှာလေးရံခနဲ ဖြစ်ကာပြောလာသည် လူငယ်သဘာဝ(ဟိုလူကြီးစကား)
ကျတော်ဘယ်ခြုံထွင်နေလဲဆိုတာ ကောင်လေးသိဟန်ရှိသည်
'''ဟောဗျာ မင်းကို ငါက pocket moneyပေးတာလေ
'''ကျတော်ကဘယ်သူ့ဆီကမှ အလကားမယူဘူး ယူတတ်တဲ့အတန်းစားထဲလဲလုံးဝမပါဘူး နားလည်လား
ကောင်လေးရဲ့စကားသံကြောင့် ကောင်တာနောက်မှမိန်းမကြီးရောက်လာကာ
''''ဘာဖြစ်တာလဲ tae tae
'''ဒီမှာ ဘရုတ်လာကြနေတဲ့ အန်တီ
ကျတော့်အဖို့ ချောက်ကျရတော့မည် နောက်မဆုတ်သာရှေ့မတိုးသာ
'''''ဟာ ကျွန်တော်က က
gagaကသဘောပေါက်သွားကာ ကျတော့်ထဲအလျှင်အမြန်ရောက်လာရင်းး
''''ဟေ့ ချာတိတ် မင်းကျသင့်တာ မင်းအမ်းယူလိုက်ပေါ့ကွာ
gaga၏တင်းမားသောမျက်နှာထားနဲ့အသံကြောင့် မိန်းမကြီးက မျက်နှာက်ု အပြုံးကလေးဖြင့်
'''ဟုတ်သားပဲ taeလေးရယ် အမ်းစရာရှိတာ အမ်းပေးလိုက်ပေါ့
ပြန်အမ်းငွေကိုပင် သူမယူတော့ ရှက်ရှက်ဖြင့် ဆိုင်ထဲကထွက်လာခဲ့သည်
'''''ကဲ seoulသူတွေအကြောင်းသိသွားပြီမလား
gagaက ပြုံးပြီးပြောလာသည်