ချစ်တဲ့taeအတွက်ဆို…အိမ်နိမ့်စံရလဲ ရဲရဲကြီးနေနိုင်ပါတယ်
ကိုယ်ကမင်းအတွက်ဆို ကို့ဘဝကြီးကို နေထိုင်မူအသစ်နဲ့ပြောင်းလဲနေထိုင်နိုင်သူပါ
Jeon Jung Kook
_____________________________________~~~~~~~~~~
''''အေးး ဒါတော့ အမှန်ပဲ jungkook…ငါတို့တွေ လောကကြီးမှာ လူလာဖြစ်နေတာ ဘာကြောင့်လဲလို့ ငါစဉ်းစားနေမိတယ်…တခြားလူတွေကိုကြည့်လိုက်ရင် မနက်မိုးလင်းချိန်က မိုးချုပ်ချိန်ထိ ပြေးလွှားလှုပ်ရှားနေကြရတယ် ဒါသူတို့ ဘဝရှင်သန်ရပ်တည်ဖို့ပဲ'''
လက်ထဲက ပြောင်းဖူးကို ကိုက်ရင်းjiminက စကားကို ကြီးကြီးကျယ်ကျယ်ပြောနေသည်မို့ သူအံ့သြမိသည်။ မနေ့က taeသူ့ကိုအထင်သေးစွာပြောသွားသည့်အကြောင်း jiminအားပြောပြနေတာဖြစ်သည်။
ဒါကို jiminက ဝေဖန်ပိုင်းခြားနေတာဖြစ်သည်။
gagaကတော့ ဂိမ်းထဲမှာ နစ်မျောနေဆဲ…ညစာစားဖို့တောင် သတိရပုံမတူ…
jiminကပဲဆက်ပြီး
'''ငါတို့များကျတော့…ဘာမှလုပ်စရာမလိုပဲ လောကကြီးမှာ အပိုလာပြီး လူဖြစ်နေသလိုပဲ…မင်းရဲ့ကောင်လေးး ပြောတာမှန်တယ်…'''
ဂျွတ်ခနဲပြောင်းဖူးကိုကိုက်စားနေပြန်သည်။
'''င့ကောင်လေး မဟုတ်ပါဘူးကွ…'''
'''ဘယ်သူ့ကောင်လေးဖြစ်ဖြစ်ကွာ…တစ်နေ့တစ်နေ့ အိပ်လိုက်စားလိုက်လုပ်ရင်း
ငါ့ကိုယ်ငါငြီးငွေ့လာတယ်…ငါ့ရဲ့အတ္တဘော ခန္ဓာကြီးသာ တနေ့ထက်တနေ့ ဝိတ်တိုးလာတာပဲရှိတယ်…အားလုံးဘာမှစိတ်မဝင်စားစရာ မရှိတဲ့လူ ဖြစ်နေတာပဲ…ကိုယ့်ကိုကိုယ်တောင် စိတ်မဝင်စားရင် တခြားဘယ်သူက စိတ်ဝင်စားတော့မှာလဲကွာ…မင်းကို သူစိတ်မဝင်စားတာ ဒါပဲ ကိုယ့်လူ…'''
ဟုတ်တယ် jiminပြောတာအမှန်ပဲ
'''ဒါဆို ငါဘာလုပ်ရမလဲ jimin'''
'''အလုပ်တခုခု လုပ်ပြကွာ…'''
''''ငါက ဘာမှမလုပ်တတ်တာ…'''