လမင်းလိုက် မုဆိုး

799 75 6
                                    

gaga အံ့သြပြီးရင်းအံ့သြရသည်…seoulလို လူ သမုဒ္ဒရာကြီးထဲက မော်လီကျူးတလုံးစာလောက်

ယောက်ကျားလေးတယောက်ကိုမှ တမ်းတမ်းစွဲဖြစ်ရသည်ဆိုတော့……

'''စဉ်းစားပါ jungkookရာ …suzyလေးထက် ဒီကောင်လေးက…ဘာတွေများ သာနေလို့လဲ…

ပြီးတော့ seoulဆိုတာ အပေါ်ယံ သကြားဖုံးထားတဲ့ ဆေးခါးလို လူစားတွေက များတာ…

'''တော်ပါတော့ gagaရယ် ဒီမှာ အိမ်မက်လှလှလေးကို အာရုံဝင်စားပြီး ဖိတ်ခေါ်နေရတာ…

jungkook သူ့အိမ်က အိပ်ခန်းလောက်မသာနားသော

အခန်းစုတ်လေးထဲက ကုတင်ပေးမှာ အိပ်ရင်း စိတ်ကူးယဉ်နေသည်

gagaက သူ့နဘေးက ခုတင်ပေါ်မှာ ထိုင်လျှက်ပြောနေတာ

''''မင်းအခြေအနေနဲ့ စိတ်ကူးယဉ်တာ အန္တရယ်ရှိလို့ ငါက………

''''တော်တော့ gaga တောင်းပန်ပါတယ်……

jungkook အိပ်နေရင်းမှ ကုန်းထကာပြောလိုက်သည်

'''လူတယောက်ကို အခြားလူတယောက်က မြင်တာနဲ့ စိတ်ဝင်စားသွားတာ သာမာန်ကိစ္စတခုမဟုတ်ဘူး အဲဒီလူတယောက်နဲ့ တယောက်ကြားမှာ ဂမ္ဘီရဆန်တဲ့ စွမ်းအင်တွေနဲ့

ညှို့ငင်နေမိကြတယ်ဆိုတာကော ယုံမလား

'''အားးးပါးးပါးး စကားလုံးတွေက လိုက်မမှီတော့ဘူးဟေ့

ပန်းသီးတလုံးကိုက်ဝါးမြိုချနေသော jiminက လက်ထဲမှ ကွန်ပျူတာဂိမ်းကို gagaထံထိုးပေးရင်း

'''ရော့ မမှီရင် မလိုက်နဲ့ မောတယ် ဒါပဲ ကစား အင့်

''' အေးဒါပဲကောင်းတယ်…

'ကို gagaတယောက် ဂိမ်းဆော့ရင်း တလောကလုံးမေ့ပစ်လိုက်သည်

jungkookကို jiminက လှမ်းပြုံးပြရင်း

'''တွေ့တယ် မှတ်လား နည်းပညာအကူအညီနဲ့ မေ့ဆေးပေးလိုက်တာ

'''ကျေးဇူးပဲ jimin

နှစ်ယောက်သား gagaကို ထားခဲ့ပြီး အဆောင်ထဲမှ ထွက်လာကြသည်

'''မင်းရဲ့နောက်ကို သူတကောက်ကောက် လိုက်နေတဲ့အတွက် မင်းမှာ အနှောင့်အယှက်ဖြစ်နေမယ်ဆိုတာ…ငါသိလို့ သူ့ကိုကစားနည်းတွေ တဖြညါ့းဖည်းသင်ပေးပြီး စည်းရုံးခဲ့တာပဲ…

''''ဟားးဟားး င့အပေါင်းအသင်းပီသတယ်ကွာ

'''ဒီလောက်နဲ့မရဘူး ကိုယ့်လူ

'''မင်းကြိုက်တာပြော jimin

'''ဂေါ်ဇီလာကောင်လုံးကြော်နဲ့ ဝေလငါးပေါင်း ဒိုင်နိုဆော် ဘာဂါ အဟက် ဟက်

'''တော်ပြီလား ဟျောင့်

'''တော်ပါပြီကွာ တော်ကြာဒါတွေစားပြီး ဝိတ်တက်လာလို့ ကမ္ဘာကြီး ပြိုကျရင် ဒုက္ခ အဟီးးး

''''ဟားးးဟားးး မင်းကွာ ~

~~~©~~~~~~~©©©©©©

ကျောင်းအဝင်းမှာ သူ့ကိုတွေ့လိုက်ရတော့ taeအံ့သြသင့်သွားသည်

ထိုလူက taeကိုပြုံးပြရင်းး

'''ကျောင်းလာတာလား

''''ခင်ဗျား မြင်သားပဲ

သူ့ကိုအမြန်ဆုံးဖြတ်ကျော်၍ သူငယ်ချင်းတယောက်ယောက်ကိုကျီးကန်းတောင်မှောက်ရှာရသည်

'''''ဘယ်သူ့ကိုရှာနေတာလဲ

''''ဟမ် ……ခင်ဗျား လိုက်လာတယ်လားး

မနှောင့်ယှက်ရင်ကောင်းမယ်

''''အကောင်းဘက်ကနည်းနည်းပါးပါး မြင်မကြည့်နိုင်တော့ဘူးလား ကွာ

'''စိတ်ညစ်လိုက်တာဗျာ …ဟော

minoကို လှမ်းမြင်လိုက်တော့ taehyunအားတက်သွားသည်

''''mino ya  ဟျောင့် mino

jungkookရဲ့ခြေလှမ်းတို့ တုံ့သွားသည်

taehyunကို minoကလှမ်းမြင်သွားသည်

''''ဟေ့ taehyun

'''အတော်ပဲ မင်းအတန်းမတက်ဘူးမှတ်လားး

'''အေးး ဟုတ်တယ်

ဘော်ဒီဂတ်ဌားဖို့ ဆုံးဖြတ်ချက်ချနေတုန်း

''''ဟော ဟိုမှာ mihoတို့လာပြီ ငါတို့ရုပ်ရှင်ကြည့်ဖို့ချိန်းထားတာဟ သွားတော့မယ်နော် နောက်မှ ဟျောင့်ရေ

''''ဟင်းးးး သေကွာ

ချစ်ခြင်းဖြစ်အပြစ်ကင်းစေWhere stories live. Discover now