"Miss Kim, ချိန်းထားတဲ့သူတွေကျန်သေးလား"
နောက်ဆုံးလူနာနှင့် ဆွေးနွေးမှု အပီး သူ ပင်ပန်းနွမ်းနယ်လွန်းစွာ ခုံနောက်မှီကို မှီချပီး မျက်စိတွေ စုံမှိတ်ထားမိသည်။
"ဟို .. ဒေါက်တာ Lee .... ချိန်းထားတဲ့လူနာတွေတော့ ကုန်သွားပါပီ ...ဟို ... ဟို... ."
"ဘာဖြစ်လို့လဲ Ms Kim, ပြောပါ..."
ထူးဆန်းနေသော သူ့အတွင်းရေးမှူး၏ ဇဝေဇ၀ါအသံကြောင့် သူမျက်စိတွေဖွင့်ပီး အင်တာကွန်းကို စိုက်ကြည့်လိုက်မိသည်။
"ဒီမှာ .. အပွိုင့်မန့်မလုပ်ထားတဲ့ ဧည့်သည်တယောက်က ဒေါက်တာနဲ့တွေ့ရမှာ ပြန်မယ်ဆိုပီး အတင်းစောင့်နေတယ်ဒေါက်တာ၊ ဒေါက်တာနဲ့သူသိတယ်လို့ပြောတယ် ..."
"ကျုပ်နေ့လည်က ခဗျားနဲ့စားသောက်ဆိုင်မှာ တွေ့တဲ့လူ .. ခင်ဗျားနဲ့တွေ့ချင်လို့ .. ကျုပ်စောင့်နေတာ ၁ နာရီကျော်နေပီ ... ခု ၀င်လာလို့ရပီလား ... နောက်ဆုံးလူနာလဲ ပီးသွားပီဆို"
ကြည်လင်ပီး ပိုင်စိုးပိုင်နင်းရှိလှသော အသံတစ်ခုက ကြားဖြတ်ပေါ်လာသည်။ သူ ခုံပေါ် လျော့တိလျော့ရဲထိုင်နေရာမှ ဇတ်ကနဲပင် ထထိုင်လိုက်မိသည်။ မျက်လုံးထဲမှာ နားကပ်တွေတန်းစီဖောက်ထားပေးမဲ့ နုဖတ်နေသော မျက်နှာလေးပေါ်လာသည်။ ပင်ပန်းပီးဂျုံးဂျုံးကျနေသော ဒီလို တနေ့တာပီးဆုံးချိန်မှာ ရောက်လာတဲ့ အလိုက်ကမ်းဆိုးမသိသော သူများကို သူမုန်းလှသော်လည်း ... ဒီနေ့တော့ သူ ထင်သလောက် မပင်ပန်းသေးဘူး ဆိုပါစို့။
"Ms Kim ပေးဝင်လိုက်ပါဗျာ"
"ဟုတ်ကဲ့ ပါ ဒေါက်တာ"
မရှေးမနှောင်းမှာပင် ခပ်ကြမ်းကြမ်း တံခါးဖွင့်သံနှင့်အတူ သူမျှော်လင့်ထားတဲ့အတိုင်း ထိုကောင်လေးတံခါးဝမှာ ပေါ်လာသည်။ အနောက်မှ သူ့အတွင်းရေးမှူးနှင့် လုံခြုံရေးနှစ်ယောက်က စိတ်ညစ်နေပုံရသည်။ သူ့ကို အားနာသည့်အကြည့်တွေနှင့်ထိုကောင်လေး၏ အနောက်မလှမ်းမကမ်းမှာ ရပ်နေသည်။
သူ့မျက်နှာကို မြင်လိုက်ရတော့ ထိုကောင်လေးက အနည်းငယ်ပြုံးယောင်သန်းသွားသော်လည်း ချက်ချင်းပင် မျက်နှာကို တည်လိုက်သည်။
YOU ARE READING
လူနာအမှတ် - ၁၅၄၄
FanfictionPairing - Eunhae (boy x boy) Genre - angst, psycho ...*really psycho* Warning - 20+, bad characters, dirty words usage.