Part - 3

3.5K 307 57
                                    

Falling in Love ဆိုတဲ့ ဖြစ်စဉ်မှာ  ကျဆုံးခြင်းကို ကိုယ်စားပြုတဲ့ အဓိပ္ပါယ်တမျိုးပဲရှိတယ် ..... ။

**************************************************

"ကျွန်တော်က ခင်ဗျားကို စိတ်ဝင်စားနေတာတဲ့လား ... စောက် ပေါက်ကရတွေ။ ဒါပေမဲ့ ခင်ဗျားမျက်နှာမြင်ရတာကိုက ကျွန်တော့်အတွက် ကျက်သရေမင်္ဂလာအပေါင်း ခ, ညောင်းနေတာ ဘယ်လိုလုပ်ရမလဲ ... ။ 

ထားပါလေ ...  ကျွန်တော်က သူများဂရုစိုက်တာ ငမ်းငမ်းတက်လိုချင်နေရအောင် ပျော့ညံ့တဲ့ကောင်မျိုးမဟုတ်ပါဘူး ... Lee Hyukjae ရယ်။ 

အဲဒီနေ့ကတော့ .... အား ... ရှက်စရာကောင်းလိုက်တာ ... ကျွန်တော်က မျက်ရည်ကျလိုက်သေးတယ် ...။ ကျွန်တော်က ခင်ဗျား ဖက်ပွေ့ နှစ်သိမ့်တာ ခံပီး ... ခင်ဗျားချော့မော့နေတာကိုတောင် သာယာကြည်နူးနေလိုက်သေးတယ် ... ။"

မျက်စိရှေ့စားပွဲပေါ်က ရှိရှိသမျှ ပစ္စည်းတွေ ကို သိမ်းကြုံးဖောက်ခွဲလိုက်မိတော့ နဲနဲနေသာသွားသလို၊ ရုပ်ပျက်ဆင်းပျက်ပေါက်ကွဲနေသော သူ့ပုံကို ကြည့်ပီး အခန်းဝမှ သူ့အတွက်နေ့လည်စာ လာပို့သော ထမင်းဗန်းကို ကိုင်ပီး ၀င်မလိုလုပ်နေသည့် Bob က ၀င်ရမလို ပြန်ထွက်ရမလို ချီတုံချတုံ ဖြစ်နေသည်။

"ဘာလဲ ... မင်းက ... အခုဘယ်အချိန်ရှိပီလဲ ... ဒါ နေ့လည်စာ အချိန်လား ...ဟမ်"

"ဟို .. ဟို .. အကိုလေး ခါတိုင်းစားနေကျ ၁၂ ခွဲပါပဲ ... နောက်မကျပါဘူး အကိုလေး"

"ဟေ့ကောင် ... မင်းငါ့ကို ခံပြောနေတာလား ... "

"ဗျာ ... မဟုတ် .. မဟုတ်ပါဘူး ..."

"ချ ထား ... သွားတော့ ... သွားစမ်း၊ အူကြောင်ကြောင်နဲ့ပုံကိုက"

"ဟုတ် .. ဟုတ်ကဲ့ ... "

"ဟေ့ကောင် Bob ...နေအုံး .... ဒါဘာလဲ ... ငါစားဖို့လား ... နွားစားဖို့လား ဟမ် .... သွား အဲအသီးအရွက်တွေ အကုန် သွန်ခဲ့ ... ငါနွားမဟုတ်ဘူး လူကွ လူ ...."

"ဗျာ .. ဟုတ် ဟုတ် ... ကျွန်တော် အသစ်ယူလာပေးပါမယ်"

"အာ ... သွားတော့ကွာ .. စောက်သုံးမကျဘူး မင်းတို့တွေ ... သွား ... တံခါးပိတ်သွား၊ ငါ မခေါ်မချင်း ဘယ်တကောင်မှ အခန်းထဲ မလာနဲ့ .. မင်းရောပဲ"

လူနာအမှတ် - ၁၅၄၄Where stories live. Discover now