!!!! Warning for untraditional thoughts if you might feel offense. !!!
(zawgyi)
ထုံးစံအတိုင်း လပေါင်းများစွာပျောက်နေပီး ပြန်ပေါ်လာတာမို့ အစက ပြန်ဖတ်ပေးပါအုံးနော်။ T_T
*************************************************************************************
" ကျွန်တော်မွေးမလာရင်ကောင်းမှာပဲလို့ ခနခန တွေးဖူးတဲ့အချိန်တွေရှိတယ်။ အခု အသက်သုံးဆယ်ကျော်လာတဲ့အထိပဲ"
Hyukjae က စာအုပ်မှာရေးခြစ်နေရာကနေ မျက်မှန်ကို ပင့်ပီး ထိုသူ၏ မျက်နှာကို စိတ်ဝင်တစားနားထောင်ကာ မျက်လုံးချင်းဆုံသည်။
"ညတိုင်း ဒီအိပ်မက်တွေထဲက မလွတ်ဘူး၊ ကျွန်တော့်အဖေက က ကျွန်တော်နဲ့ အမေ့ကို အနုနည်းနဲ့ အမျိုးမျိုးစိတ်ဆင်းရဲအောင် နှိပ်စက်ခဲ့တာတွေကို။ ကျွန်တော် လူဖြစ်လာတာအတွက် သူတို့ကို အပြစ်တင်တယ် ဆရာ။ ကျွန်တော့်ကို သက်သက်မဲ့ခေါ်ပီး နှိပ်စက်ခဲ့တာ ... ကျွန်တော့်အတွက် လုံးဝမတရားဘူး၊ ကျွန်တော် ... ကျွန်တော် ... ကျွန်တော့်မိဘ တွေကို အရမ်းမုန်းတယ် ... ဒါပေမဲ့ တစ်ဖက်ကလဲ ကျေးဇူးရှိတာသိတယ် ... ကျွန်တော် ဒီနေ့ ဒီလိုအခြေအနေထိ အောင်မြင်လာတာ သူတို့ရဲ့ ကျေးဇူးပါပဲ ... သူတို့ ဘယ်လိုပဲ မကောင်းမကောင်း မွေးကျေးဇူးကြွေးကျေးဇူးတွေ ရှိတာကြောင့် သူတို့ကို မုန်းတီးနေမိတဲံ ကျွန်တော့်ကို ကျွန်တော်လဲ ရွံတယ်"
ထိုသူက ပြောပီးပီးချင်း ချုံးပွဲချ ငိုပြန်သည်။
"အဲဒီတော့ ခင်ဗျား အဖြစ်ချင်ဆုံး အလိုချင်ဆုံးဆန္ဒက ဘာလဲ၊ ကျွန်တော်နဲ့တွေ့ပီး ကျွန်တော့်ဆီကနေ ခင်ဗျား ဘာကိုမျှော်လင့်ထားလဲ"
ငိုနေရာမှ ခေါင်းထောင်ကြည့်ပီး နှာတစ်ချက်ရှုံ့ကာ ထိုလူက ကိုယ်နေဟန်ထားကိုပြင်လိုက်သည်။
"ကျွန်တော် ဒီအမုန်းတွေ ဒီအိပ်မက်ဆိုးတွေက လွတ်မြောက်ချင်တယ်။ ဒါတွေ ထပ်ပီး ကျွန်တော့်အတွေးထဲမှာ ပေါ်မလာချင်တော့ဘူး၊ ပေါ်လာရင်တောင် ဒါတွေကြောင့် ကျွန်တော် ချောက်ချောက်ခြားခြား ဖြစ်မနေချင်တော့ဘူး ... ကျွန်တော် ... ကျွန်တော် ဒီခံစားချက်တွေဆီကနေ လွတ်မြောက်ချင်တယ်"
YOU ARE READING
လူနာအမှတ် - ၁၅၄၄
FanfictionPairing - Eunhae (boy x boy) Genre - angst, psycho ...*really psycho* Warning - 20+, bad characters, dirty words usage.