Part - 6

2.2K 224 41
                                    

***** warning for some mature contents *********

ဘ၀မှာ ကျွန်တော် လူဖြစ်ရကျိုးအနပ်ဆုံး ရှာဖွေတွေ့ရှိမှုဟာ ချစ်ခြင်းမေတ္တာပဲ ကိုကို

ကျွန်တော် က ခင်ဗျားပေါ်ထားတဲ့ အကြွင်းမဲ့တဲ့ ချစ်ခြင်းမေတ္တာတွေပေါ့ ကိုကို .... ။

***************************************************

သည်းသည်းမည်းမည်းရွာနေသော မိုးရေစက်တွေထဲ သူမျက်စိတွေကို ပွတ်သပ်ကာ ဂိတ်အ၀င်လမ်းဘက်ကိုသာ မျက်နှာမူပီး မျှော်လင့်ချက်ကြီးစွာရပ်နေမိသည်။ သူဘေးနားမှာ ကား parking လာထိုးနေကြသော ကားပေါ်မှ လူများ အထူးအဆန်းကြည့်သွားသည်ကိုလဲ သူအရေးမလုပ်မိ ... ။ ကားထဲဝင်စောင့်နေဖို့လဲ သူ အာရုံမရမိ ... သူကားပြင်ထွက်ရပ်စောင့်နေမှ Lee Hyukjae က သူ့အနား မြန်မြန်ရောက်လာမှာ လိုလို .. သူ ပေတေပီး ရပ်နေမိသည်။ ဂိတ်ဝက ကွေ့ဝင်လာသည့် ကားမီးရောင်တွေကို မိုးသည်းကြားက မြင်လိုက်ရတိုင်းေ၀၀ါးကျိန်းစပ်နေသည့် သူ့မျက်လုံးတွေကို ပွတ်သပ်ပီး ကြည့်ရတာ အမော .. ။

"ကလေး ... "

သူ့တကိုယ်လုံး ရွှဲရွှဲစိုပီး မခံမရပ်နိုင်အောင် ချမ်းခိုက်တုန်လာပီးသည့်နောက် ... သူ့နား ရပ်လိုက်သည့် ကား ပေါ်မှ Lee Hyukjae ပြေးဆင်းလာသည် ကို မိုးရေတွေကြားမှ ရိပ်ကနဲမြင်လိုက်ရသည်။ သူ့ကို ပြေးဖက်ကာ ရင်ခွင်ထဲပွေ့လိုက်သည့် Lee Hyukjae ရင်ခွင်ထဲ သူရောက်သွားပီ .... နွေးထွေးလုံခြုံသွားပီ .... ။

"ကိုကို ..... "

အားကိုးတကြီး ဖက်တွယ်လိုက်တဲ့သူ့လက်အစုံကတင်းကြပ်သွားသလို ... သူ့နှုတ်ခမ်းက ခနခန ခိုးပီး ခေါ်ကြည့်ခဲ့ရတဲ့ နာမ်စားလေး အဆုံး .. Lee Donghae လောကတခုလုံး မှောင်အတိကျသွားသည်။

*******************************************************************

သူ မရောက်ချင်ဆုံးနေရာတခုကို ရောက်နေပြန်သည်..... အထက်တန်းကျောင်း လှေကားထောင့်မှာ သူ တုန်ရီစွာ ပုန်းခိုနေမိသည်။ ခြေသံတွေ က နီးလာလိုက် ဝေးသွားလိုက် ...။ မှောင်မဲနံစော်ကာ ပူအိုက်နေသည့် ထောင့်ထဲမှာ သူ ကြောက်ရွံ့စွာ ပုန်းအောင်းနေရသည်။ နီးကပ်လာတဲ့ ခြေသံတွေကြောင့် သူ့ရင်တွေ တဒိုင်းဒိုင်း ခုန်လာလိုက် ... ခြေသံတွေ ဝေးသွားရင် သူ အသက်ပြင်းပြင်းရှုလိုက်နှင့် သူတယောက်ထဲ လောကငရဲထဲ သေမတတ် ခံစားနေရသည်။ အကူအညီမဲ့သော အကာအကွယ်မဲ့သော စိတ်နှလုံးခြောက်ချားဖွယ်ရာ မွန်းကြပ်မှုကြီးကြောင့် ဖြစ်ချင်ရာဖြစ် သူ အပြင်ကို ပြေးထွက်ပီး ငါဒီမှာဟေ့ ဟု အော်လိုက်ချင်စိတ်တွေ ဖြစ်လာသည်။ တ၀ုန်းဝုန်း တဒုန်းဒုန်း ခြေသံတွေက ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက်နှင့် ပိုပိုများလာသလို .. ပိုပိုစိတ်လာသည်။

လူနာအမှတ် - ၁၅၄၄Where stories live. Discover now