Part - 4

3.3K 283 60
                                    

ချစ်တယ်လို့ ပြိုင်တူဝန်ခံကြတဲ့အခါ

ခင်ဗျားကျွန်တော့်မျက်လုံးတွေကို တည့်တည့်ကြည့်ပီးပြောခဲ့တာဆိုရင် 

ခင်ဗျားဟာ တကယ့်ကို Professional မုသားဖန်ဆင်းရှင်။

*************************************************************

ခေါင်းအုံးကို မျက်နှာအပ်ပီး အားခနဲအော်လိုက်သံက ခပ်အုပ်အုပ်ထွက်လာသည်။ ခေါင်းထဲအစီအရီပေါ်လာသော ညနေက အဖြစ်အပျက်များကိုတွေးမိတော့ သူထိုင်ရမလို ထရမလို ကိုယ့်ကိုကိုယ်အမျိုးမျိုးကျိန်ဆဲနေမိသည်။ 

"စောက်ရူး ...Lee Donghae စောက်ရူး ... အားးးးးးးးးးးးးးးးးးးးးးးးးး"

~ ကလေးက ကိုယ့်ချစ်သူလုပ်မယ်မှတ်လား ဟင် ... 

ဆေးမိနေသလို အသံပင်မထွက်နိုင်သော Donghae က Hyukjae ပုခုံးပေါ်မျက်နှာအပ်ရင်း ခေါင်းတဆတ်ဆတ်ငြိမ့်သည်။ ပိုပီးတင်းကြပ်သွားသော အပွေ့အဖက်ကြောင့် ဆေးထည့်ထားသော အနာတွေက ပိုစပ်ဖျဉ်းနာကျင်သွားသော်လည်း နွေးထွေးလွန်းသော အထိအတွေ့ကြောင့် သူမရုန်းချင်။ အောက်နှုတ်ခမ်းကို ကိုက်လိုက်ပီး အသံမထွက်အောင် သူထိန်းလိုက်နိုင်သည်။ သူ့နာကျင်မှုထက် နွေးထွေးမှုက အားကောင်းနေသလို .... ခပ်ဖျော့ဖျော့ထွက်နေသော Lee Hyukjae ၏ ကိုယ်သင်းနံ့က သူ့ကိုငြိမ်းချမ်းစေသည်။

ချစ်သူသူရှိသည်ဟူသော စကားကို ပြန်ကြားယောင်ပီး မေးခွန်းတွေထုတ်ဖို့စဉ်းစားလိုက်မိသော်လည်း သူ တခါမျှမရဘူးသော တိမ်းမူးဖွယ်အခြေအနေကို မစွန့်လွှတ်နိုင်သဖြင့် ထိုမေးခွန်းကိုသူ တတ်နိုင်သမျှ လျစ်လျူရှုထားဖို့ဆုံးဖြတ်လိုက်သည်။

သူ့ကို အိမ်လိုက်ပို့ပီး ကားပေါ်က သူမဆင်းခင် ပါးပေါ်ခပ်နွေးနွေး ကျရောက်လာသည့် နှုတ်ခမ်းအစုံကြောင့် သူ  သတိလက်လွတ်ဆင်းပြေးလာခဲ့သည်မှာ ၂၂ လွှာရှိ သူ့အခန်းကို ဘယ်လိုရောက်လာမှန်းပင်မသိ။ သူနှင့်အတူနေသော Bob နှင့် Jong Woo က ညနေစာ ပြင်ဆင်နေရာမှ ၀ုန်းခနဲ အိမ်ရှေ့ခန်းတံခါးဖွင့်ကာ အပြေးအလွှားဝင်လာသော သူ့ပုံကိုကြည့်၍ သေနတ်တွေ ဆွဲထုတ်ကာ ပြေးလာသည်။ ဟိုကြည့်ဒီကြည့်ဖြစ်နေသော သူ့တပည့်၂ယောက်ကို မြင်မှ Lee Donghae က ကိုယ်ရှိန်သပ်ပီး ဘာမှမဖြစ်သလို သူ့အခန်းထဲဝင်သွားသည်။ ထမင်းမစားတော့ဘူး ဟုအော်သွားသေးသောသူတို့ အကိုလေး ကိုကြည့်ကာ Bob နှင့် Jong Woo တယောက်မျက်နှာတယောက်ကြောင်တောင်တောင်ရပ်ကြည့် ကျန်ခဲ့ကြလေသည်။ 

လူနာအမှတ် - ၁၅၄၄Where stories live. Discover now