Part-1

16.9K 827 8
                                    

Highway လမ်းမကြီးမှာအမြန်​နှုန်းဖြင့်​​မောင်းနှင်​​နေ​သောအနက်​​ရောင်​ကား​လေး၏အတွင်း​မှာကမ္ဘာပျက်​မတတ်​​အော်​ဟစ်​​နေ​သောကိုယ်​ဝန်​​ဆောင်​အမျိုးသမီးတ​ယောက်

ဘေးနားကခင်​ပွန်းသည်​မှာ​တော့ဇနီးသည်​ရဲ့လက်​ကိုဆုပ်​ကိုင်​ထား​ပေးကာ

"yeon ခဏဘဲသည်းခံ​နော်​ ​ရောက်​​တော့မယ်

ကိုယ်​ရှိတယ်​​နော်​ မ​ကြောက်​နဲ့ "

ဇနီးသည်​ကိုအား​ပေးရင်းအ​ရှေ့ကdriverကိုလည်း
အမြန်​​မောင်းရန်​​ပြောရ​သေးသည်​။

"နည်းနည်းမြန်​မြန်​​လေး​မောင်း ​ရောက်​​တော့မယ်​မလား"

"ဟုတ်​ကဲ့ဆရာ ​ရှေ့ဆိုရင်​​ရောက်​ပါပြီ"

ဇနီးသည်​ကိုကြည့်​​တော့​အော်​ရတာ​မော၍
အသံ​တောင်မထွက်နိုင်​တော့ဘဲ​​​ရင်​ခွင်​တွင်း​မှီထားကာ​ချွေး​တွေရွှဲ​နေ​သော
မျက်​နှာ​လေးကြည့်​ရင်းစိတ်​မ​ကောင်း။

ကားရပ်​သည်​နှင့်​အသင့်​​စောင့်​​နေ​သော
လူနာတင်​ကုတင်​​ပေါ်တင်​ကာ​ခေါ်သွားရာ​နောက်
Mr byun ဇနီးသည်​လက်​​လေးကိုင်​ကာ
လိုက်​သွားရသည်​။

"လူနာရှင်​ အပြင်​မှာ​နေ​ပေးပါ​နော်​"

ခွဲခန်းတံခါးပိတ်​သွား​သော်​လည်းMr byun
ထိုင်​ဖို့​တောင်​အာရုံမရဘဲ
အဆင်​​ပြေ​ချော​မွေ့ဖို့သာဆု​တောင်း​နေတယ်​။
ဇနီးသည်​ကနှလုံး​ရောဂါသည်​ဖြစ်​တဲ့အပြင်
့သားဦး​လေးဖြစ်​​သောကြောင့်​ပိုပြီးစိုးရိမ်​​နေရတယ်​။

နာရီ​ပေါင်းများစွာကုန်​လွန်​ပြီး​နောက်​...

ခွဲစိတ်​ခန်းမှထွက်​လာ​သောဆရာဝန်​က

"Mr.byun အမြွုာလေး​မွေးပါတယ်​။
ပထမတစ်​​ယောက်​ကမိန်းက​လေးပါ
ဒုတိယတ​ယောက်​က​ ​ယောက်​ကျား​လေးပါ"

"ဗျာ!!! တကယ်လားဆရာ
ကျွန်​ ကျွန်​​တော်​အရမ်းဝမ်းသာတာဘဲ.....
ဒါနဲ့ကျွန်​​တော့်​မိန်းမအ​ခြေအ​နေ​ရော"

မျက်​နှာပျက်​သွား​သောဆရာဝန်​ကိုကြည့်​ကာ
Mr.Byunရင်​ထိတ်​သွားရသည်​။

Bitter Love Where stories live. Discover now