Part-16

5.2K 478 59
                                    

ကားနောက်ခန်းမှာခွေခွေလေးအိပ်မောကျနေတဲ့
ကလေးကိုကားကြည့်မှန်ကနေ
တဆင့် စိတ်မချစွာလှမ်းလှမ်းကြည့်နေမိသည်။

ကလေးနိုးမှာစိုးလို့ ကားကိုဖြည်းဖြည်းဘဲ
မောင်းလာတာ
အိမ်ပြန်ရောက်တော့ မနက်2နာရီဝန်းကျင်

နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေတဲ့ကလေးကို
ကားထဲကအသာပွေ့ချီလိုက်တော့
တအင်းအင်းနဲ့အီပြီး
ခေါင်းလေးနဲ့တိုးဝှေ့လာတဲ့ကလေး

"puppyပေါက်စလေးကျနေရောဘဲ
ချစ်ဖို့ကောင်းလိုက်တာ"

ဖျစ်ညှစ်ကာ နမ်းရှိုက်ပစ်လိုက်ချင်တဲ့စိတ်ကို
ချိုးနှိမ်ရင်း အခန်းထဲထိဂရုတစိုက်ပွေ့ချီလာကာ
ခေါင်းအုံးလေးပေါ်ချပေးလိုက်သည်။

ကလေးနဲ့မျက်နှာချင်းဆိုင်ဝင်လှဲလိုက်ပြီး
လက်ပေါ်ခေါင်းတင်ကာ
ကလေးမျက်နှာလေးကိုတစိမ့်စိမ့်ကြည့်ရင်း

ဘယ်လိုတောင်
ဆုတောင်းကောင်းခဲ့တာလဲကလေးငယ်

ဖုံးအုပ်ထားတဲ့မျက်တောင်လေးတွေအောက်က
မှိတ်နေတဲ့puppy eyeလေးတစုံကိုလည်းချစ်တယ်။

ပြုံးလိုက်ရင်လေးထောင့်ပုံလေးအဖြစ်ပြောင်းလဲသွားတဲ့
မှဲ့နက်လေးတပွင့်တည်ရှိရာ
နှုတ်ခမ်းပါးလေးကိုလည်းချစ်တယ်။

ဖြောင့်စင်းပြီး အသည်းယား ဆွဲကိုက်ချင်စရာကောင်းတဲ့
ဲ့နှာခေါင်းလုံးလုံးလေးကိုလည်းချစ်တယ်။

"ကိုကို အဲ့လိပ်ပြာလေးဖမ်းပေးပါ"

လက်လေးဆန့်တန်းရင်းယောင်နေတဲ့ကလေးကြောင့်
လက်လေးကိုအသာဆုပ်ကိုင်လိုက်ရင်း
ရင်ခွင်ထဲထွေးပွေ့ထားလိုက်တော့
ပြုံးယောင်သန်းသွားတဲ့နှုတ်ခမ်းလေးကို
ိုအသာလေးငုံ့နမ်းလိုက်ရင်း

"အိမ်မက်လှလှမက်ပါစေ ကလေးငယ်"

ထွေးဖက်ထားတဲ့ကလေးကိုယ်လေးကို
ပိုတိုးဖက်လိုက်ကာ
ကလေးရှိရာ အိပ်မက်ကမ္ဘာထဲ တိုးဝှေ့ရင်း
.
.
.
.
.
.
.
အိပ်မောကျနေတဲ့ကလေးကို ကြည့်ရင်း
အိပ်ရာဝင်နောက်ကျသွားတာမို့ နိုးလာတော့
11နာရီကျော်ပြီ။

Bitter Love Where stories live. Discover now