Part-12

7.2K 550 15
                                    


"baekလေး ကျောင်းတက်ရတာအဆင်ပြေရဲ့လား"

ကိုကို့ရင်ခွင်ထဲမှီ်ရင်းstrawberryသီးတွေထိုင်စားနေတုန်း
ommaဆီကမေးခွန်းကြောင့်ဝါးလက်စကိုလက်စသတ်လိုက်ရင်း

"nae အဆင်ပြေပါတယ် omma"

"ကလေး ဘယ် classထဲဝင်ထားလဲ "

ကိုကို့ဆီက အမေးထွက်လာတာမို့ baekမှာလန့်သွားရသည်။

"ဟို dance class ပါ ကိုကို "

"ဟုတ်လား အဲ့မှာ ကိုကို့အသိတွေရှိတယ် ကလေးကိုအပ်ထားရမယ်။ နက်ဖြန်ကိုကို ကလေးရဲ့ classကို
လာခဲ့မယ်"

"ဟို မလာပါနဲ့လားကိုကို baekကိုသီးသန့်ကြီးဂရုစိုက်နေရင်
baekနေရခက်နေမှာစိုးလို့ "

baekအမှန်တဝက်မုသားတဝက်ပြောရင်းကိုကိုမလာဖို့
တားနေရသည်။

"အင်းပါ ကလေးအနေရခက်မယ်ဆိုလည်းကိုကိုမပြောတော့ဘူး ဒါပေမယ့် တခုခုဆို ကိုကို့ ကိုအရင်ပြောနော်"

"nae ကိုကို"

မျက်လုံးလေးမှိတ်သွားတဲ့အထိပြုံးရင်းပြောလိုက်တဲ့baek
ကြောင့် အသည်းယားစွာဆံပင်လေးတွေဆွဲဖွလိုက်တော့
ကလေးစုတ်ကတခိခိရယ်နေလေရဲ့

ကျေးဇူးပါကလေး ကိုယ့်ဘေးနားကဘယ်မှမထွက်သွားဘဲ
နေပေးလို့...

************************************
"ဘယ်ခြေထောက်ကရှေ့ထုတ်"

"bae ခါးကဒီလို"

baekခါးလေးကိုကိုင်ရင်းသင်ပေးနေတာမို့baekရုန်းနေပေမယ့် မလွှတ်ပေးတဲ့အပြင် အားနဲ့ပိုဆုပ်ကိုင်လိုက်တာမို့
baekစိတ်ညစ်လာရသည်။

classမှာ ကိုကို့ အသိရှိတယ်ဆိုတာကြောင့် တယောက်ယောက်များမြင်သွားမလားလို့ကြည့်မိတော့
baekတို့ကိုတယောက်ကမှကြည့်မနေ အကုန်သူ့အာရုံနဲ့သူ
မို့baekသက်ပြင်းအသာချမိလိုက်သည်။

"Sambae ဒီလောက်ဆို baekနားလည်ပြီ "

"okလေ"

"အာ့ဆို အစမ်းကကြည့်"

baekအရှေ့နားလောက်မှာထိုင်လိုက်ရင်း
baekကိုသာမျက်တောင်မခတ်စူးစိုက်ကြည့်နေသည်။

သီချင်းအစမှာနည်းနည်းကကွက်လွဲသလိုဖြစ်သွားပေမယ့်
နောက်ပိုင်းသံစဉ်နဲ့တသားတည်းဖြစ်သွားကာ
အရာရာမေ့လျော့သွားပြီး သံစဉ်အတိုင်းခန္ဓာကိုယ်ကိုလှုပ်ရှား
ရင်းကကွက်တို့ကိုပုံဖော်နေမိသည်။

Bitter Love Where stories live. Discover now