Part-11

6.5K 501 18
                                    

"Park Baekhyun!!!! "

Chanyeolရဲ့ဒေါသသံအပြည့်နဲ့ခေါ်သံကြောင့်baekကိုယ်လေးတုန်သွားသည်။

လှည့်ကြည့်တော့ baekတယောက်ထဲကိုသာအကြည့်စူးစူး
များနဲ့စိုက်ကြည့်ရင်း မဲ့ပြုံးတပွင့်နဲ့လျှောက်လာတဲ့yeol

#ဟင့်အင်း baekအဲ့အပြုံးကိုကြောက်တယ်။

baekကိုနာကျင်အောင်လုပ်ခါနီးတိုင်းမြင်ရတဲ့အပြုံး

ကိုကို baekကြောက်တယ် အဲ့လိုမပြုံးပါနဲ့#

baekရင်ထဲမှာပြောချင်တာတွေပလုံစီနေပေမယ့်တကယ်တမ်းတော့ဘာသံမှမထွက်လာ yeolကိုသာကြောင်ကြည့်နေမိသည်။

အနားရောက်သည်နှင့်baekလက်ကောက်ဝတ်ကိုဆတ်ကနဲ
ဆုတ်ကိုင်ကာမေးလိုက်တဲ့yeol

"Park baekhyun တော်တော်ပျော်နေပုံရတယ်
hk hk "

လက်ကောက်ဝတ်ကစူးကနဲဖြစ်ကာနာကျင်သွားသော်လည်း
အာရုံမစိုက်နိုင်

"Ar Arnyiya ကိုကို ကိုကိုထင်သလိုမဟုတ်..."

ကိုကို အထင်မလွဲအောင်ရှင်းပြဖို့လုပ်ပေမယ့်လည်း

"တော်တော့ Park Baekhyun ဘာသံမှမကြားချင်ဘူး
ငြိမ်ငြိမ်လေးသာလိုက်ခဲ့ "

ပြောရင်းလက်ကောက်ဝတ်ကိုလက်သည်းတွေနဲ့အားပြင်းစွာ
ဆုပ်ကိုင်လိုက်တာမို့အော်မိမလိုဖြစ်သွားတဲ့ပါးစပ်ကို
လက်တဖက်နဲ့ဖုံးအုပ်လိုက်ရသည်။

baekမျက်ရည်များဝဲလာတဲ့အထိနာကျင်လာပေမယ့်
မရုန်းရဲ ရုန်းလိုက်ရင်အခြေအနေပိုဆိုးလာမှာသိနေတာမို့
နှုတ်ခမ်းပါးလေးကိုသာကိုက်ထားမိသည်။

"မင်းဘယ်သူဘဲဖြစ်ဖြစ် baekအနားမှာထပ်မမြင်ချင်ဘူး"

ဘေးနားမှာသူတို့နှစ်ယောက်ကိုရပ်ကြည့်နေတဲ့သူကို
ပြောပြီးတာနဲ့ကားရပ်ထားရာနေရာကိုအရုပ်လေးတရုပ်လို
ဆွဲခေါ်သွားသည်။

ကားတံခါးကိုဆွဲဖွင့်ရင်းbaekကိုတွန်းတင်လိုက်ကာ
ဝုန်းကနဲဆောင့်ပိတ်လိုက်တာမို့baekကိုယ်လေးတုန်သွားရသည်။

ကားကိုဒေါသတကြီးအရှိန်ပြင်းစွာမောင်းနေတဲ့yeol

baek yeolဆုပ်ကိုင်ခဲ့တဲ့သူ့လက်လေးကိုငုံ့ကြည့်တော့
လက်ကောက်ဝတ်မှာလက်သည်းရာတွေထင်ပြီး
သွေးတွေဆို့နေကာလက်သည်းဆိပ်
တက်ပြီးညိုမည်းနေသည်။

Bitter Love Where stories live. Discover now