မနက်ခင်းအိပ်ရာကနိုးထထခြင်းချစ်ရသူမျက်နှာလေးမြင်ရခြင်းကအရာအားလုံးပြီးပြည့်စုံသွားကာမြင်သမျှအရာရာတိုင်းကလှပနေတယ်ဆိုတဲ့စကားကိုယ်တိုင်ကြုံမှဘဲလက်ခံတော့တယ်။ကုတင်ထက်မှာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့သူ့ရဲ့sleeping beautyလေး
ညတိုင်းသူ့ကိုမအိပ်ဘဲစောင့်နေတဲ့ကလေးကသူပြန်လာတာသိမှစိတ်ချလက်ချအိပ်ပျော်သွားဟန်ရှိရဲ့
ကိုယ့်ကိုမချစ်ပေမယ့်လည်းကလေးရဲ့ဂရုစိုက်မှုလေးတွေကတောင်သူ့ကိုပျော်ရွှင်စေနိုင်သည်လေ...
မနေ့ကတနေ့တာဟာသူ့ဘဝရဲ့အပျော်ရွှင်ဆုံးနေ့ရက်လေးအဖြစ်နှလုံးသားထဲမှာမှတ်တမ်းတင်ထားမိတယ်။
မမျှော်လင့်ဘဲကလေးဆီကအနမ်းတစ်ပွင့်လက်ဆောင်ရလိုက်လို့လေ....Yeolအိပ်ရာကနိုးနေပေမယ့်မထနိုင်သေးဘဲကလေးမျက်နှာလေးကိုသာတစိမ့်စိမ့်ကြည့်နေမိသည်။
ပြတင်းပေါက်ကနေကျူးကျော်ဝင်လာတဲ့နေရောင်ခြည်တွေက
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ကလေးမျက်နှာပေါ်ထိကျူးကျော်လာတာမို့လက်နှစ်ဖက်နဲ့ကာထားမိသည်။နေရောင်ကြောင့်သူ့ရဲ့sleeping beautyလေးကိုမနိုးစေချင်တာကြောင့်
မိနစ်အနည်းငယ်ကုန်ဆုံးသွားပြီးနောက်မျက်လုံးလေးပွတ်ရင်းနိုးလာတဲ့baek yeolကိုရုတ်တရက်မြင်လိုက်တာမို့လန့်သွားရသည်။
” Ommo kkepsong!!😮 ကိုကိုရာလန့်သွားတာဘဲ”
”miyan ကလေး ကိုကိုလန့်သွားအောင်မရည်ရွယ်ပါဘူး”
မျက်နှာငယ်လေးဖြစ်သွားတဲ့ကလေးကြီးကိုကြည့်ပြီး
baekရယ်ချင်တာကိုအောင့်ပြီး”ကိုကို ဒီနေ့ဘယ်သွားစရာရှိလည်း ”
”မရှိပါဘူး ကလေးဘယ်သွားချင်လို့လည်း ကိုကိုလိုက်ပို့ပေးမယ်လေ”
baekဗီဒိုထဲကအထုတ်လေးယူရင်းyeolကိုလှမ်းပေးလိုက်ကာ
”အာ့ဝတ်ပြီးအောက်မှာစောင့်နေ baekပြီးရင်ဆင်းခဲ့မယ်”
baekလက်ထဲကအထုတ်လှမ်းပေးရင်းရေချိုးခန်းထဲ
ပြေးဝင်သွားသည်။

YOU ARE READING
Bitter Love
Fanfiction"Byun baekhyun ငါ့ရဲ့အရုပ်လေး" "Baekbaekကအရုပ်မဟုတ်ဘူး" "ကျွန်တော့်ကိုဒီအရုပ်လေးပေးပါ" #chanbaek yaoi