Part-15

6.1K 474 33
                                    

"ကိုကို baekကို သွားခွင့်ပေးပါ"

ကျောခိုင်းကာပြောနေတဲ့ကလေးရဲ့
လက်လေးတဖက်ကို
တင်းကျပ်စွာဆုပ်ကိုင်လိုက်ရင်း

"ကလေးကဘယ်ကိုသွားမလို့လဲ..
မသွားရဘူး...
ကလေးက ကိုကို့အပိုင်လေ"

"တော်ပါတော့ ဒီလောက်နဲ့ဘဲ လွှတ်ပေးပါတော့
baek အရမ်းပင်ပန်းနေပြီ"

သူ့လက်ကိုဆောင့်ရုန်းရင်း ပြေးထွက်သွားတဲ့
ကလေးနောက်
ပြေးလိုက်နေပေမယ့် နေရာကမရွေ့

တစတစဝေးကွာ ပျောက်ကွယ်သွားတဲ့
ကလေးကျောပြင်က
ဘဝကြီးတခုလုံးပျောက်ပျက်သွားသလို
ခံစားလိုက်ရတာမို့

ကလေး!!!!!!

အသံကုန်ဟစ်အော်လိုက်တော့.........
.
.
.
.
.
.
.
.
.
.
ချွေးတွေရွှဲကာအသံကုန်ဟစ်အော်ပြီးနိုးလာတော့
မနက်ခင်းနေရောင်ခြည်ပင်ကန့်လန့်ကာကို
ိုချိုးဖောက်ဝင်ရောက်လာနေပြီ။

"ကလေး ကလေးရော"

ဘေးနားကနေရာလေးကိုကြည့်မိတော့
ကလေးကမရှိ

အိပ်မက်ထဲကလို ကလေးသူ့ကိုထားသွားပြီလား

မဖြစ်ရဘူး ကလေးက ငါ့ကိုထားခဲ့ပြီး
ဘယ်မှမသွားရဘူး

ကလေး လို့ တဖွဖွရွတ်ရင်း ဝုန်းဒိုင်းကြဲကာ
အခန်းပြင်ပြေးထွက်ရန်အလုပ်

"ကိုကို နိုးပြီလား
ကျောင်းနောက်ကျမှာစိုးလို့
baekတောင်ခုဘဲလာနှိုးတော့..."

စကားတောင်မဆုံးသေး အင့်ကနဲနေအောင်
လွတ်ထွက်သွားမတတ်
ဖက်လိုက်တဲ့ကိုကို

"ကိုကို ဘာဖြစ်"

အသက်ရှူကြပ်လာလို့ရုန်းမလို့အလုပ်

"ခဏ ခဏလေးဘဲ...
ဒီလိုလေးဘဲခဏနေပါရစေ"

ချွေးတွေရွှဲနစ်နေကာတုန်ရင်နေတဲ့ကိုကို

အိပ်မက်ဆိုးတွေမက်လို့လား ကိုကို

အဆင်ပြေသွားမှာပါ မကြောက်နဲ့တော့နော်

သူ့ကိုယ်ထဲကို နစ်ဝင်သွားမတတ်
တင်းအောင်ဖက်ထားတဲ့yeolကြောင့်
အသက်ရှူအရမ်းကြပ်နေပေမယ့်လည်း
baekမရုန်းရက်....

Bitter Love Where stories live. Discover now