မျှော်လင့်ချက်ဆိုတာ အသက်ရှူတိုင်းဖြစ်
တည်နေမည်ဆို သူ့အပေါ်ထားတဲ့ကျတော့်
မျှော်လင့်ခြင်းတို့က ကျတော် နှလုံးသွေးတို့
ရပ်ဆိုင်းကာမှ ထပ်တူ ရပ်တံ့မည်...🍃•°🍃•°🍃•°🍃Hope🍃•°🍃•°🍃•°🍃
"သားရေ...မြန်မြန်ပြင်လေ..မင်္ဂလာအချိန်
နီးနေပြီ...သားအချိန်မှီမရောက်ရင်ပွဲဖျတ်
သလိုဖြစ်နေမယ်..Bae လေးလည်းအခုဆို
မျက်နှာလေးငယ်နေရောပေါ့..."မားမားရယ်အပိုတွေလို့သာပြောချင်မိ
တော့၏...
သူ့ဘာသာသူ မျက်နှာငယ်ရုံမကလို့ မျက်နှာပဲ
ကျူံ့ကျူံ့သူဖြစ်သမျှကျတော့်နှင့်မဆိုင်ပေ..ငယ်စဉ်ကတည်းက ကျတော့်ဟာမားမား
သားအရင်းလား သူကမားမားသားအရင်း
လားဆိုတာ ခွဲမရအောင်ပင် အူဝဲထဲက
ချစ်မွှေးပါလွန်းသော သူသည် လူတကာ၏
အချစ်ကိုခံခဲ့ရတယ်...
ကျတော်နှင့်တော့ကွာခြားလွန်းခဲ့သည်..."ရော့..သား အိတ်ကပ်ထဲဒါလေးထည့်ထား..
Bae လေးက သားကိုအဲ့တာလေးထည့်လာ
ခဲ့ဆိုပြီးသေချာမှာလိုက်တာနော်.."မားမားလာထိုးထည့်ပေးသော လက်ကိုင်ပုဝါ
ပန်းနုရောင်သည် ကျတော့်ကိုအလိုလိုစိတ်တို့ကို ထိုင်းမှိုင်းသွားစေတော့သည်...သူက ပန်းနုရောင်သိပ်ကြိုက်သည်လေ...
ပြီး...ကိုယ်လုံးပေါ်မှန်ထဲတွင်ပေါ်နေသော
အဖြူရောင်ဝတ်စုံပြည့်နဲ့ မည်းနေတာက
ကျတော့်မျက်နှာ...အသားမည်းလို့မဟုတ်
စိတ်အခြေအနေကြောင့်မည်းနေတာဖြစ်မယ်.ဒီအဖြူရောင်ပွဲတက်အင်္ကျီကလည်း သူရွေး
ပေးတာဆိုလားပဲ...ဆံပင်အကြေကောက်ကြီးမကြိုက်ပါဖူးနော်
လို့ပြောရှာလို့ တစ်ပတ်သာဆံပင်အကောက်
ကိုထားပြီးဆံပင်ကိုပြန်ဖြောင့် အခုတော့
ကျတော့်မှာဆီတစ်ဗူးလုံးကုန်မတက်သုံးပြီး ဖွာလှန်ကြဲမနေအောင်ဖိထားလို့..
YOU ARE READING
Hope...||CHANBAEK||
Randomမင်းကိုမျှော်လင့်ချက်များစွာဖြင့်ချစ်ခဲ့တာ Main casts~ Chanyeol,Baekhyun,Jay By.YeolliesSakura