Hope...~5

1.8K 237 8
                                    


တစ်ခါ​​မျှော်​လင့်​ခြင်းဆိုတာ အသက်​တစ်​ရက်​တိုခြင်းဆို....
မနက်​ဖြန်​ သာ ကျ​တော့်​ရဲ့ဈာပနကိုကျင်းပ​ပေးကြပါ​စေ​တော့..~

_________________________________

ကြယ်​စင်​​တွေတစ်​ခါ​ကြွေဆင်းဖို့ဆိုတာမလွယ်
သော်​လည်း...

"Yeol ah..!..ကြယ်​​လေး​ကြွေသွားပီ...
ဆု​တောင်း​..ဆု​တောင်း..."

လက်​နှစ်​ဖက်​ကိုယှက်​ကာ မျက်​လုံးစုံမှိတ်​ပီး
နှုတ်​မှ​တောင်းဆုတစ်​ခုကို ပွစိပွစိဖြင့်​ ကြယ်​စင်​နတ်​မင်းဆီသို့တိုင်​တည်​​လေ​သော သူ​လေး
ကိုကြည့်​ရင်း ကျ​တော့်​မှာ​ထွေ​ထွေထူးထူး
တောင်းဆုဆိုတာမျိုးမရှိ​ပေ...

မယုံကြည်​လို့ဆိုလို့လား​တော့မဟုတ်​..
မလိုအပ်​ဘူးထင်​လို့...

ဘေးက​နေပဲ မျက်​စိစုံမှိတ်​ထား​သော​ကောင်​​လေးမျက်​နှာ​လေးကို​ ကြယ်​တစ်ခါ​​ခတိုင်း အေး​အေးချမ်းချမ်းကြည့်​နေရမယ်​ လို့တသမတ်​တည်း​တွေးခဲ့ပီး..ကိုယ့်​ကိုယ်​ကို အထင်​​တွေသိပ်​ကြီးခဲ့တယ်​...

ကျ​တော့်​​ဟာဆု​တောင်းမလိုအပ်​​သော်​လည်း
ဖြည့်​စည်း​ပေးသူ Baekhyun ဆို​သောသူရှိ
နေသ၍ ဆု​တောင်းဆို​သော​အရာသည်​မ
လိုအပ်​​သော ​ဝေါဟာရတစ်​ခုသာဟုသတ်​မှတ်
ခဲ့တယ်​...

လေ​ပြေတို့​ကြောင့်​​​​ဝေ့ဝှိုက်​​နေ​သောနဖူးထပ်
မှဆံပင်​တို့ကိုလွတ်​လွတ်​လပ်​လပ်​​ပျံသန်း​စေပြီး မထိနိုင်​ မလှမ်းနိုင်​​သော ​ကောင်းကင်
နက်​ပြာ​ရောင်​ တို့မှစိန်​ပွင့်​တို့လိုလင်းလက်​​နေ​သော ကြယ်​​လေး​တွေကို​ငေးမိတယ်​...

"ကြယ်​​တွေစုံ​နေပြန်​ပီ....သိပ်​လှတယ်​..Bae..
ပီး​တော့..."

အခုဆို တစ်​မိုး​အောက်​တည်း​ပေမယ့်​​နေ
စောင်းလို့ကြယ်​တွေ​ဝေ ည​တွေနက်​လာတဲ့ အခါBae ဘာ​တွေများလုပ်​​နေမလဲလို​လေ...

သိခွင့်​မရှိ​ပေမယ့်​ သိချင်​မိတဲ့ ကိုယ်​ကအရူးပဲ
နေမှာ​နော်​...

Hope...||CHANBAEK||Where stories live. Discover now