ဒီနေ့တော့ မနက်ပိုင်းအစည်းအဝေးရှိတယ်ဆိုတာ
နဲ့ ကုမ္ပဏီကို သာမန်ထပ် နာရီထပ်စောပြီးရောက်
နေစဉ် Coffe Machine နားကိုသာယောင်လည်
လည်နှင့်ရောက်နေခဲ့တယ်...ကော်ဖီကိုအကြိုက်ကြီးမဟုတ်ပေမယ့်လို့
ကုမ္ပဏီမှာအလုပ်စလုပ်ဖြစ်တဲ့နေကစလို့ တစ်နေ့
နှစ်ခွက်ကိုပုံမှန်သောက်ဖစ်နေတော့တာ...ကုမ္ပဏီ ကိုရောက်တာနဲ့ အခုလိုကော်ဖီတစ်ခွက်ကိုင်ပီး 6th Floor မှန်အကြည်အကာ ကနေ အောက်မှလှုပ်ရှားသွားလာနေတဲ့ လူအမျိုးမျိုးအထွေထွေကိုငေးနေမိတယ်...
ထောင်သောင်းပေါင်းများစွာ လှုပ်ရှားသွားလာနေတဲ့လူတွေထဲမှာ ကျတော့်မျှော်လင့်နေသော
အရိပ်လေးကို ရှာဖွေရခြင်းသည် ကျတော့် ဝဋ်ကြွေးပေလား...ဖြူလွှသော သူ့ကို အဝေးအမြင့်မှ ငေးမောရတာနဲ့ကို မြင်လွှာတွေမှာသံမှိုတို့စွဲကပ်
နေသလို ကျတော်မှတ်မိနေမှာ သေချာတယ်...ကျတော်မျှော်လင့်နေသော သူလေးသည် ထိုလူ
ပေါင်းများစွာထဲမှာကိုမပါပေ...တစ်မိုးအောက်တည်းမှာပဲလေ...
တစ်နိုင်ငံတည်းမှာပဲလေ...
တစ်လေတည်းရှူနေတာပဲလေ...
တစ်မြေတည်းမှာပဲရပ်တည်နေတာပဲလေ...
သို့ပေမယ့် ကျတော့်ရှိသော ဝန်းကျင်မှာ သူမရှိနိုင်
သလို သူရှိသောနေရာ ကို ကျတော်သိပေမယ့်
မချဉ်းကပ်နိုင်တဲ့အခြေအနေမျိုး....ဟင်းး...ဒီလိုနဲ့ ဘုရားသခင်ကဖန်ဆင်းပေးထား
တဲ့ ဖန်ပုလင်းကြည်ကြည်ထဲက ရေစက်လေးတွေ
ကုန်သွားပီထင်ပါရဲ့...ကိုယ့်ရဲ့ အချစ်တွေကိုရော လေထဲလွှင့်လိုက်သင့်
ပီလား....ဟင်...မင်းဖြေမယ်ဆို ကိုယ်မေးလိုက်
ချင်ပါရဲ့...Baekhyun ရယ်....
YOU ARE READING
Hope...||CHANBAEK||
Randomမင်းကိုမျှော်လင့်ချက်များစွာဖြင့်ချစ်ခဲ့တာ Main casts~ Chanyeol,Baekhyun,Jay By.YeolliesSakura