Hope...~1

7.8K 491 36
                                    

မျှော်​လင့်​ချက်​ဆိုတာ အသက်​ရှူတိုင်းဖြစ်
တည်​​နေမည်​ဆို သူ့အ​ပေါ်ထားတဲ့ကျ​တော့်
မျှော်​လင့်​ခြင်းတို့က ကျ​တော်​ နှလုံး​သွေးတို့
ရပ်​ဆိုင်းကာမှ ထပ်​တူ ရပ်​တံ့မည်​...

🍃•°🍃•°🍃•°🍃Hope🍃•°🍃•°🍃•°🍃

"သား​ရေ...မြန်​မြန်​ပြင်​​လေ..မင်္ဂလာအချိန်
နီး​နေပြီ...သားအချိန်​မှီမ​ရောက်​ရင်​ပွဲဖျတ်
သလိုဖြစ်​​နေမယ်​..Bae ​လေးလည်းအခုဆို
မျက်​နှာ​လေးငယ်​​နေ​ရော​ပေါ့..."

မားမားရယ်​အပို​တွေလို့သာ​ပြောချင်​မိ
တော့၏...
သူ့ဘာသာသူ မျက်​နှာငယ်​ရုံမကလို့ မျက်​နှာပဲ
ကျူံ့ကျူံ့သူဖြစ်​သမျှကျ​တော့်​နှင့်​မဆိုင်​​ပေ..

ငယ်​စဉ်​ကတည်းက ကျ​တော့်​ဟာမားမား
သားအရင်းလား သူကမားမားသားအရင်း
လားဆိုတာ ခွဲမရ​အောင်​ပင်​ အူဝဲထဲက
ချစ်​​မွှေးပါလွန်း​သော သူသည်​ လူတကာ၏
အချစ်​ကိုခံခဲ့ရတယ်​...
ကျ​တော်​နှင့်​​တော့ကွာခြားလွန်းခဲ့သည်​...

"​ရော့..သား အိတ်​ကပ်​ထဲဒါ​လေးထည့်​ထား..
Bae ​လေးက သားကိုအဲ့တာ​လေးထည့်​လာ
ခဲ့ဆိုပြီး​သေချာမှာလိုက်​တာ​နော်​.."

မားမားလာထိုးထည့်​​ပေး​သော လက်​ကိုင်​ပုဝါ
ပန်းနု​ရောင်​သည်​ ကျ​တော့်​ကိုအလိုလိုစိတ်​တို့ကို ထိုင်းမှိုင်းသွား​စေ​တော့သည်​...

သူက ပန်းနု​ရောင်​သိပ်​ကြိုက်​သည်​​လေ...

ပြီး...ကိုယ်​လုံး​ပေါ်မှန်​ထဲတွင်​​ပေါ်​နေ​သော
အဖြူ​ရောင်​ဝတ်​စုံပြည့်​နဲ့ မည်း​နေတာက
ကျ​တော့်​မျက်​နှာ...အသားမည်းလို့မဟုတ်
စိတ်​အ​ခြေအ​နေ​ကြောင့်​မည်း​နေတာဖြစ်မယ်​.

ဒီအဖြူ​ရောင်​ပွဲတက်​အင်္ကျီကလည်း သူ​ရွေး
ပေးတာဆိုလားပဲ...

ဆံပင်​အ​ကြေ​ကောက်​ကြီးမကြိုက်​ပါဖူး​နော်
လို့​ပြောရှာလို့ တစ်​ပတ်​သာဆံပင်​အ​ကောက်
ကိုထားပြီးဆံပင်​ကိုပြန်​​ဖြောင့်​ အခု​တော့
ကျ​တော့်​မှာဆီတစ်​ဗူးလုံးကုန်​မတက်​သုံးပြီး ဖွာလှန်​ကြဲမ​နေ​အောင်​ဖိထားလို့..

Hope...||CHANBAEK||Nơi câu chuyện tồn tại. Hãy khám phá bây giờ