Hope...~7

1.7K 244 17
                                    

....ခလွမ်း.....

"အ.."

"Bae..!!"

အသံသုံးသံက​ရှေ့ဆင့်​​နောက်​ဆင့်​ပါပဲ...

ပူ​နေတဲ့ဟင်းချိုကို ပန်းကန်​လုံးထည့်​ဖို့အခပ်​မှာ ပန်းကန်​လုံးရဲ့အပူဒဏ်​ကိုသူ့လက်​ကမခံနိုင်​လို့လွှတ်
ချမိကာမှ ပျံ့ကျဲသွား​သောဟင်းချို​တွေက အိမ်​​ပေါ်စီး Slipper သူ့​ခြေခုံ​ပေါ်​တွေမှာ....

"မလာပါနဲ့ Yeol..."

ကွဲ​ကြေ​နေ​သော ပန်းကန်​လုံးအစ​တွေသည်​လည်း
ပတ်​ပတ်​လည်​မှာ...ဒါ​ကြောင့်​ ကျ​တော့်​ကိုသူ့
နားမလာဖို့တားမြစ်​​နေတာ...

ဖြူဆွတ်​ဆွတ်​​ခြေခုံ​​လေးသည်​ ပူ​လောင်​မှု​ကြောင်
နီမြလာတော့ ကျ​တော်​ဘယ်​လိုလုပ်​ကြည့်​ရက်​မှာလဲ​လေ...

ဖန်​ကွဲစ အစိတ်​စိတ်​အမွှာမွှာ တို့ကို​ရှောင်​လွှားကာ

သူ့တားမြစ်​သံကိုငြင်းဆန်​ရင်းသူ့​ဘေးနား ကို​ရောက်​ငင်​ခိုက်​...​ချွေးစ​လေး​ဆို့​နေ​သောနဖူးစပ်
နားမှ ဆံစ​လေး​တွေ​တောင်​ စိုစွတ်​​နေတာပဲ...

မျက်​နှာ​လေးက ပူ​လောင်​မှု​ကြောင့်​ရှုံတွ​နေပီး
သူ့​ခြေခုံ​လေးကိုသူငုပ်​ကြည့်​လို့...

မလှုပ်​မယှက်​ဖြစ်​​နေတဲ့ သူ့ကိုယ်​လုံး​လေးကို​ဆွေ့ကနဲ​ပွေ့လိုက်​​တော့ ​ယောင်​​ယောင်​ယမ်းယမ်း
ကျတော့်လည်တိုင်ကိုသွယ်ဖက်လာသော
လက်ချောင်းလေးနှစ်​ဖက်​....

"အရမ်းပူသွားလား..."

စိုးရိမ်​သည်းစွာ​မေးလိုက်​မိ​သော်​လည်း...

"ဟင့်​အင်း...Yeol ah..ကျ​တော့်​ကိုမြန်​မြန်​ပြန်
ချ​ပေးပါ.."

စိုးထိတ်​​နေ​သောမျက်ဝန်းလဲ့လဲ့တို့ကို ညို​မှောင်​ပီး
မျက်​​မှောင်​ကြုတ်​​အောင်​ ချက်​ချင်းသူလုပ်​နိုင်​တယ်

"Wae?"

သူ့မျက်​လုံးဖရုံ​စေ့​လောက်​​လေးကို ဟို​ဝေ့ကြည့်
ဒီ​ဝေ့ကြည့်​ရင်း

"မြန်​မြန်​သာချ​ပေးပါလို့ဆို..."ဟု ​ဆောင့်​​​ဆောင့်​​ဆိုလာသည်​...

Hope...||CHANBAEK||Where stories live. Discover now