Hope...~8

2.5K 273 29
                                    

~မင်းက သူများချွေပီး ပစ်ချသွားတဲ့ ပွင့်ချပ်တွေ
ကြေမွနေပီဖြစ်တဲ့ ပန်းလေးတစ်ပွင့်ဖြစ်ပါစေအုံး
ကိုယ်လေ...ဒူးထောက် ခယပီး အမြတ်တနိုး
ကောက်ယူပန်ဆင်မယ်... ကိုယ့်ကို ဒူးထောက်ခွင့်
ပဲပေး...~

အလုံပိတ်ထားတဲ့ အခန်းတံခါးကိုထိုင်ကြည့်နေ
သည်မှာ တစ်နာရီခန့်ရှိပီ...လက်က နာရီကိုကြည့်
မိတော့ ဆယ့်တစ်နာရီကို အစီစီထိုးလုလုဆဲ...

Sofa ပေါ်တွင်ထိုင်နေရင်း ညနေစာမစားထား
သော်လည်း ဆာလောင်ခြင်း အလျဉ်းမရှိ...
သူ့ကိုအနာတရဖြစ်​​စေတဲ့ မီးဖို​ချောင်​ထဲကိုဝင်​ချင်
စိတ်​ကိုမရှိ​တော့တာ...
ကုမ္ပဏီကပြန်လာကတည်းက ​​ဇော​ချွေး​တွေ
ပင်​ပန်းနွမ်းနယ်​မှု​တွေကို ​မ​ဖြေ​ဖျောက်​ရ​သေး​သော်
လည်း စိတ်​ထဲနုံး​မ​နေ...
တစ်​ခုပါပဲ...အခန်းထဲက ကျ​တော်​ ​မျှော်​လင့်​ရသူ
အနှီ​ကောင်​​လေး ငြိမ်းငြိမ်းချမ်းချမ်း အိပ်​​မောကျ
နေလား ဆိုတာကို သိချင်​​နေတဲ့ပူ​လောင်​စိတ်​တစ်​ခု
သာကပ်​ညှိလို့...

သူ့များ တရားဝင်​​မောင်​နှံရဲ့ အိပ်​ခန်းဆိုတဲ့ပညက်
ချက်​​ကြောင့်​ တံခါးကိုအသာတွန်းပီး အိပ်​​ပျော်
နေတဲ့သူ့ကို​ငေးကြည့်​ဖို့ကိုပင်​ မဝံ့ရဲ...

အခန်း​ရှေ့မှာ ​ကောက်​ရိုးပုံ​စောင့်​ရတဲ့ ဟို​ဟောင်
တတ်​တဲ့အ​ကောင်​ကြီးလို 😅 ငူငူငိုင်​ငိုင်​ နဲ့ အခန်း
ရှေ့ကြီးမှာထိုင်​ကြည့်​​နေရတဲ့အဖြစ်​...

"ဟူး...!"

သက်​ပြင်းတိုတို​လေးတစ်​ချက်​ကိုသံဖျတ်​ ချလိုက်
ကာ မတ်​တပ်​ရပ်​လိုက်​မိတယ်​...​အခန်း​အ​ရှေ့ကို
တ​ရွေ့​ရွေ့သွားနိုင်​ဖို့ ​ခြေ​ထောက်​တစ်​​ချောင်းနဲ့
တစ်​​ချောင်းကို မတရား လူးလူးလွန့်​လွန့်​ဆွဲ​နေ
ရတယ်​...

အောက်​ပိုင်းချိ​နေတဲ့လူလိုပင်​ တရွတ်​တိုက်​ဆွဲ
ပီး အခန်း​ရှေ့ကို​တော့ ​အောင်​မြင်​စွာ​ရောက်​ခဲ့ပီ
သို့​ပေမယ့်​ တံခါးလက်​ကိုင်​ဘုကိုလှည့်​ဖို့အထိ
ထပ်​မံကြိုးစားရအုံးမယ်​...

You've reached the end of published parts.

⏰ Last updated: Aug 08, 2017 ⏰

Add this story to your Library to get notified about new parts!

Hope...||CHANBAEK||Where stories live. Discover now