WYF's pov>>>
စွဲမက်စရာကောင်းတဲ့ နှုတ်ခမ်းဖူးပိုင်ရှင် ကောင်လေးက ကျွန်တော့်အနမ်းမှာ မရုန်းကန်သလို တုံ့ပြန်မှုလည်း မရှိခဲ့ပေ။
ကောင်လေးရေ ကိုယ်တော့ မင်းနှုတ်ခမ်းလေးကို စွဲလမ်းမိပီ...
ကျွန်တော့်နှလုံးသားဟာလည်း အေးဆေးမနေပြန်ဘူး...နှုမ်းခမ်းနှစ်လွှာကို ဖယ်ခွာလိုက်တော့ ကောင်လေးက ထစ်၂ငေါ့၂ဖြင့် စကားဆိုလာတယ်။
"ခင်... ဗျား... ကျွန်တော့်ကို... ဘာလို့... နမ်း... တာလဲ"
အခုချိန်မှာ ကျွန်တော့်အဖြေက...
"မင်း သိပ်စကားများလို့လေ..."
ကျွန်တော် နှစ်သိမ့်ပေးထားတာတောင် ကောင်လေးက အခုထိ မျက်ရည်ကျနေသေး...
(Wu Yi Fan ရဲ့ ခေတ်သစ် နှစ်သိမ့်နည်း :3)"အဲလိုလည်း လုပ်လို့ရတယ်လား"
"ဟင်"
ကောင်လေးမေးတဲ့ မေးခွန်းကို ကျွန်တော် နားမလည်ပေ။
"ခင်ဗျားပြောတော့ ကိုယ်ချစ်တဲ့သူကို နမ်းလို့ ရတယ်ဆို... အခုက... အချစ်မပါဘဲ..."
"..."
ကျွန်တော် နှုတ်ဆိတ်နေခဲ့တယ်...
ကျွန်တော့်ရဲ့ ဖိကပ်ရုံအနမ်းကို ကောင်လေး အဓိပ္ပါယ်ကောက်လွဲနေတာကိုတော့ ကျွန်တော် ဖြေရှင်းချက်မပေးခဲ့...Next morning ~~~
PCY's pov>>>
အချစ်မပါဘဲ နမ်းတယ်... အဟက်..."မုန်းလိုက်တာ"
"ငါ့ကိုလား"
ဟာ... ဒီ Noona က တစ်မှောက်...
"အမ်... အထုပ်တေတောင် ပြင်ပီးနေပီလား။ Church တက်ပီးတာနဲ့ တန်းသွားတော့မှာလား"
ဂုဏ်ဒြပ်တေကို လုံးဝစိတ်မဝင်စားတဲ့ Noona က မင်္ဂလာပွဲကို ဒီတိုင်းလေး Church ကျောင်းတွင်သာ ကတိကဝတ်ပြုရုံလောက်ပဲ လုပ်မည်ထင်သည်။
"A... နင်လည်း မြန်၂ပြင်တော့"
"ကျွန်တော်က ဘာကို ပြင်ရမှာလဲ"
"နင် Yi Fan ဆီမှာ သွားနေရမှာလေ"
"ဘာ!!! Wae Wae Wae!!!"
"ဘယ်လိုတေဖြစ်လို့ ဒီလောက်တောင် အလန့်တကြားဖြစ်နေရတာလဲ။ ညက နင်နဲ့ Yi Fan ပြန်လာတော့ ငါပြောတယ်လေ Chanyeol"
YOU ARE READING
A Cup of Love #Completed#
FanfictionKrisYeol Myanmar fan fiction Japanese Anime တစ်ပုဒ်ကို အနည်းငယ် မှီငြမ်းထားပါတယ် :) အထက်တန်း ကျောင်းသား Park Chan Yeol နှင့် သင်္ချာပါမောက္ခ Wu Yi Fan တို့၏ အချစ်ဇာတ်လမ်း Description: "Wu Yi Fan!!! ကျွန်တော် အစားထိုးခံရတဲ့သူ မဖြစ်ချင်ဘူး" "မင်းက ကိုယ...