WYF's pov>>>
"Park Chanyeol!!! သင်္ချာလာတွက်လို့ ပြောနေတယ်နော်!!! ကိုယ်စကားတစ်ခွန်းကို နှစ်ခါမပြောဘူး!!!"
ကျွန်တော် အော်ပြောလိုက်တော့ အပေါ်ထပ်ကနေပီး အသံစာစာလေး ထွက်လာတယ်။
"ဟာ ဒီမှာ ခင်ဗျားအခန်းကို ရှင်းပေးနေတာ မမြင်ဘူးလား"
လဒလေးက စာမလုပ်ချင်လို့ဆိုပီး ရှိသမျှ အိမ်အလုပ်တေ သိမ်းကျုံးလုပ်နေတာလေ သူ့အကြောင်း မသိရင်ခက်မယ် :/
"အပိုတေပြောမနေနဲ့ ထားလိုက် အခုချက်ချင်းစာလာလုပ်!!!"
ကျွန်တော် ၁၅မိနစ်လောက် ဆက်စောင့်နေတယ်။ ဒင်းလေးရဲ့ ခြေသံတောင် မကြားရဘူး။ သိမယ် မင်းငါ့အကြောင်းသိမယ်။
"ဒီတစ်ခါမှ ဆင်းမလာရင် ကိုယ့်အဆိုးမဆိုနဲ့နော် Chanyeol!!!"
ဟာ!!! ဒီကောင်လေး ငြိမ်ချက်ပဲ... ကျွန်တော့်အခန်းထဲ ဝင်ပြီး ဘာတေ ဝင်မွှေနေလို့လဲ???
ကျွန်တော် စိတ်မရှည်စွာ အပေါ်တက်ကြည့်လိုက်တော့ ထင်တဲ့အတိုင်းပဲ ကျွန်တော့်အခန်းရဲ့ ဗီဒိုရှေ့မှာ လှုပ်စိလှုပ်စိနဲ့ ဘာတေလုပ်နေမှန်း မသိဘူး။"Chanyeol..."
"Ahhh..."
အလန့်တကြားနဲ့ လှည့်လာသူက နောက်ကျောမှာ တစ်ခုခုဖွက်လိုက်သည်ထင်...
"ကိုယ့်အခန်းထဲမှာ ဘာလုပ်နေတာလဲ ဒီလောက်အကြာကြီး..."
"အာ... အခန်း... ရှင်း... ရှင်းပေး... နေတာလေ... ဟီးးး"
သွား၃၂ ချောင်းလုံးပေါ်အောင် ပြုံးဖြဲပြနေသော ထိုကောင်လေးကို သိပ်တော့ မယုံချင်...
"လက်ထဲက ဘာလဲ..."
"ဘာ...ရှိလို့လဲ... ဘာမှ... မ... မဟုတ်ဘူး"
ကောင်လေး မင်းလိမ်နေတာ...
"ကိုယ့်ကို မလိမ်နဲ့ Chanyeol..."
ဒါကျွန်တော်အခန်း ကျွန်တော့်ဗီဒိုမှာ ဘာတေကို ဘယ်မှာ ထားသလဲ ဘယ်ပစ္စည်းတေက ဘယ်မှာ ရှိသလဲဆိုတာ ကျွန်တော်သိတာပေါ့။ ကောင်လေးဖွက်ထားတဲ့ တစ်စုံတစ်ခုကလည်း ဘာလဲဆိုတာ ကျွန်တော်သိတယ်။
မင်းလန့်သွားမယ် ထင်တယ် ကောင်လေး... အေးဆေးဖြေရှင်းကြတာပေါ့။
YOU ARE READING
A Cup of Love #Completed#
FanfictionKrisYeol Myanmar fan fiction Japanese Anime တစ်ပုဒ်ကို အနည်းငယ် မှီငြမ်းထားပါတယ် :) အထက်တန်း ကျောင်းသား Park Chan Yeol နှင့် သင်္ချာပါမောက္ခ Wu Yi Fan တို့၏ အချစ်ဇာတ်လမ်း Description: "Wu Yi Fan!!! ကျွန်တော် အစားထိုးခံရတဲ့သူ မဖြစ်ချင်ဘူး" "မင်းက ကိုယ...