ပန်းတွေ ပွင့်စေ---1

7K 517 19
                                    

တိတ်​ဆိတ်​​နေတယ့်​ညတစ်​ညမှာ....
ပတ်​၀န်းကျင်​ကမ္ဘာ​လောကကြီးက အ​မှောင်
ထု​အောက်​မှာ အသက်​မဲ့​နေတဲ့အရာတစ်​ခုလို
အိပ်​​မောကျ ငြိမ်​သက်​​နေတယ်​...။
ပရ​လောကကို အယုံအကြည်​မရှိဘူးလို့
ကြွေး​ကြော်ထားချက်တစ်ခုနဲ့...အမှောင်အတိ
ကျနေတဲ့ စာသင်ခန်းတစ်ခုတည်းမှာ...
တစ်စုံတစ်ရာကို သက်သေပြလိုတဲ့စိတ်နဲ့
ငြိမ်သက်နေကြတဲ့ ကျောင်းသားတစ်စုရှိနေ
တယ်...။

အပြင်ဘက်က လရောင်က အခန်းထဲကို
တစွန်းတဖျကြဲပက်လို့...။
လရောင်ရဲ့တည်နေရာတစ်ခုမှာရှိနေတဲ့နာရီက
မနက်စောစော2နာရီရှိနေပြီဆိုတာ ညွှန်ပြနေ
တယ်...။
တိတ်ဆိတ်ခြင်းပိုလေးနက်လာလေ...
ကျောင်းကြီးထဲက သက်ဝင်ခြင်းတွေက
ပြောင်းလဲလာလေပဲ...။
ကျောင်းမြေကွက်လပ်က တစ်ယောက်ထိုင်ဒန်း
လေးတွေ ရှေ့နောက်လှုပ်ရမ်းနေသလိုမျိုး
တကျွီကျွီအသံက ခြောက်ခြားစရာကောင်း
အောင်...ခပ်ညင်းညင်းထွက်ပေါ်လာတယ်...။

ကြောင်နက်တွေရဲ့ အော်သံက...ရန်လိုတဲ့အသံ
ထက်...အန္တရာယ်ကျရောက်တော့မယ့်
ရှေ့ပြေးနိမိတ်တစ်ခုလို...
ကြက်သီးထစရာကောင်းလွန်းတယ်...။

ဘယ်လောက်ပဲ သရဲတွေကို မယုံကြည်ပါဘူး
ပြောပြော...၊ပတ်ဝန်းကျင်ရဲ့ ပရောဂအောက်မှာ
ကျောင်းသားတစ်ယောက် သွေးပျက်စပြုနေ
ပြီ...။

"ဟေးးး
ငါတို့ ဒီလောက်နဲ့ တော်လိုက်ကြတာ
ကောင်းမယ်နဲ့တူတယ်နော်...၊
ဘာပဲဖြစ်ဖြစ် ဘာမှလဲလာမှမလာတာ..."

သူ့ရဲ့ထိတ်လန့်ခြင်းတွေကို...
တတ်နိုင်သလောက်ဖုံးကာရင်း ပြောလိုက်ပေ
မယ့်...ကျန်တဲ့ ကျောင်းသားတွေက လက်မခံ။

"ငါတို့ကျောင်းက...ကျောင်းသားသရဲရှိတယ်ဆို
ပြီး နာမည်ကြီးနေတာ...၊
မတော် ကျောင်းသူဆိုလဲ တော်သေးကွာ...
နော့...ဟားဟား..."

မထီလေးစားဟန်နဲ့ ခပ်အုပ်အုပ်ရယ်လိုက်တဲ့
ကျောင်းသားပါးစပ်ကို ကျန်ကျောင်းသားတွေက
ရယ်ကျဲကျဲနဲ့ လှမ်းပိတ်ကြတယ်...။
သူတို့ကိုကြည့်ရတာ...ကစားစရာကိစ္စတစ်ခုကို
အပျင်းပြေဆော့ကစားနေသလိုပုံစံမျိုး...။

ပန်းတွေ ပွင့်စေWhere stories live. Discover now