ပန်း​တွေပွင့်​​စေ---4

2.1K 337 15
                                    

အားကစားပွဲ​တော်​က သန်​ဘက်​ခါဆိုရင်​ကို
စ​နေပြီမို့...​ကျောင်းက ဆရာ..ဆရာမ​တွေအား
လုံး သူတို့တာဝန်​နဲ့ သူတို့အလုပ်​များ​နေကြ
တယ်​...။ သည်​​တော့လည်း အတန်းချိန်​​တွေက
စာသင်​ရတာထက်​ အားကစားပွဲ​တော်​အ​ကြောင်း​ ​ဆွေး​နွေးရတာနဲ့တင်​ ကုန်​ဆုံး​နေ​တော့
ကျောင်းသူ​ကျောင်းသား​တွေ အကြိုက်​​ပေါ့။

" ကြည့်​​နေ...အားကစားပွဲ​တော်​မှာ ငါဘယ်​လို
မျိုး ​ကောင်​မ​လေး​တွေရဲ့ အသဲနှလုံးကို ​ခြွေမလဲ
ဆိုတာ... "

Muhuu ရဲ့ စကားအဆုံးမှာ ​လှောင်​​ပြောင်​သံ
တွေ တ​သော​သောနဲ့ထွက်​လာခဲ့တယ်​...။
ကော်​လံကို ခပ်​သာသာပင့်​ပြ​နေရင်း ဆရာကြီး
စတိုင်​လ်​နဲ့ ​ပြော​နေတဲ့ Muhuuကလည်း
လှောင်​ရယ်​သံ​တွေကို ​ထောက်​ခံသံ​တွေအလား
မှတ်​ယူကာ အပြုံးကမပျက်​...။

" ​ယောက်ျား​လေး​တွေက အဲ့တာပဲ
သူတို့ကြိုက်​တဲ့​ကောင်​မ​လေး​တွေ​ရှေ့ဆို
အားကြိုးမာန်​တက်​ အစွမ်းပြချင်​​နေကြတာ..."

စိတ်​မသက်​မသာဖြစ်​​သလို ​ခေါင်းကိုဆတ်​ခါ
ဆတ်​ခါ ခါရမ်း​နေရင်း ဆိုလာတဲ့ Minhook စကားကို တစ်​ချို့က ​ထောက်​ခံသလို လက်​မ
တွေ ​ထောင်​ပြလာကြတယ်​...။

Chanyeol တို့က​တော့ ဘာတစ်​ခွန်းမှ ၀င်​မ​ပြောဘဲ ပြုံးပြီး နား​ထောင်​​နေမိတယ်​...။
သူတို့ဘာသာ လွှတ်​ထားရင်​ကို စကားဝိုင်းက
အဆင်​​ပြေလုံ​လောက်​​နေပြီရယ်​...။

" မင်း​ပြောတာ ရာနှုန်းပြည့်​မှန်​တာမဟုတ်​ဘူး
Minhook... "

အကုန်​လုံး​ထောက်​ခံ​နေသည့်​ကြားမှ Jimက
ကဖျက်​ကယက်​၀င်​​ပြော​တော့...Minhook မျက်​နှာက မည်းခနဲ...။
မှီရပ်​​နေတဲ့ စားပွဲခုံကို အားပြုထလာရင်း...

" ဘယ်​နားမှား​နေလို့လဲ အဲ့တာဆို... "

" ​ကောင်​​လေး​တွေက သူတို့ကြိုက်​တဲ့​ကောင်​မ
လေး​တွေ ​ရှေ့​ရောက်​ရင်​ အစွမ်းပြချင်​တယ်​ဆို
တာ​လေ...အဲ့တာဆို...LeeDong sunbae ဆို
ဘယ်​လိုလုပ်​မလဲ... "

တစ်​တန်းလုံးစီက ​ချောင်းဆိုးသံ​တွေနှင့်​ အကြည့်​​တွေ Chanyeol ဆီကို အလိုလို​ရောက်​လာကြတယ်​...။ ဒီ​ကောင်​ Jim က​တော့
ကိုယ့်​ဟာကိုယ်​ငြိမ်​​နေတာကို အလွတ်​ကိုမ​ပေး။

ပန်းတွေ ပွင့်စေWhere stories live. Discover now