နားကြားမှားနေသလားအထင်နဲ့...Chanyeol
ပြန်မေးလိုက်မိတယ်...။" ဘာပြောလိုက်တာ Baekhyun... "
Chanyeol အမေးမှာ Baekhyun ဘာအဖြေ
မှပြန်မပေးဘဲ...မျက်လုံးလေးမှိတ်တဲ့အထိ ရယ်
ပြလာရင်း ခေါင်းလေးစောင်းပြလာတယ်...။
သူ့အပြုအမူနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့အပြု
အမူကြောင့်...Chanyeol အံ့အားသင့်မိသွား
တယ်...။" ငါ...ဆေးပေးခန်းသွားရမယ်ထင်တယ်... "
Chanyeol မင်သက်နေတော့...Baekhyunက
သူ့ခြေကျင်းဝတ်ကိုသူ ပြန်ငုံ့ကြည့်ရင်း စိတ်
ညစ်ညူးသလို ညည်းလာရှာတယ်...။" အာ..လာလေ...ငါ လိုက်ပို့ပေးမယ်... "
ချိုင်းအောက်ကနေ လျှိုမ လိုက်ကာ Chanyeol
ပြောပြောဆိုဆို ထူလိုက်မိပေမယ့်...
တော်တော်နာကျင်နေဟန်တူသော Baekhyunက မျက်နှာလေးရှုံ့မဲ့ကာ...
ပြန်လဲကျတော့မတတ်ဖြစ်သွားတာမို့..အမြန်
ပြန်ထိန်းလိုက်ရပြန်တယ်...။" မရဘူး Chanyeol...
ငါ မတ်တပ်ရပ်လို့မရဘူး... "" အဲ့တာဆို...
ငါ့ကျောပေါ်တက်မလား... "Baekhyun ခပ်လှမ်းလှမ်းက ကျောင်းသူ
ကျောင်းသားနဲ့ ဆရာမကို တစ်ချက်လှမ်းကြည့်
လိုက်တာမို့...Chanyeol သဘောတကျရယ်
လိုက်မိတယ်...။
သူ့ရယ်သံကြောင့် Baekhyun မျက်နှာလေး
မှုန်ကုပ်ကုပ်နဲ့ပြန်ကြည့်လာပြီး..." ဘာလဲ...မင်းက ဘာရယ်တာလဲ... "
"ဟား...မဟုတ်ပါဘူးကွာ...
မင်းကရှက်တဲ့ပုံစံနဲ့ ဆရာမကို လှမ်းကြည့်နေ
တာကိုး...
ယောက်ျားလေးအချင်းချင်းဘာဖြစ်တာကျနေ
တာပဲ... "" ယောက်ျားလေးအချင်းချင်းကျတော့...
သာမန်ပတ်သက်မှုထက် ပိုလို့မရဘူးလား... "အကြည့်တွေက ချက်ချင်းတည်ငြိမ်အေးစက်
သွားတော့...Chanyeol ကိုယ်ကိုယောင်ယမ်း
နောက်ဆုတ်လိုက်မည်ပြုလိုက်ပြီးမှ...
အမြန်ထိန်းလိုက်ရပြန်တယ်...။ဒီကောင်လေး
ထူးထူးဆန်းဆန်း စကားတွေမပြောလျှင်
သိပ်ကောင်းမယ်...။