ပန်း​တွေပွင့်​​စေ---6

2.5K 331 81
                                    

" Chanyeol... မင်း ​ကျောင်းမလာတာကြာ​နေ
ပြီမို့လို့ ငါတို့လာ​မေးတာ... ဖုန်းဆက်​​တော့လဲ
ဖုန်းမကိုင်​လို့... "

တံခါး​ပေါက်​မှာရပ်​​နေရင်း ​ရောက်​လာရခြင်း၏
အ​ကြောင်းတရားကိုဖွင့်​ဟလာ​သော Jim
စကား​ကြောင့်​...Chanyeol သက်​ပြင်းချလိုက်​မိ
တယ်​...။ တကယ်​​တော့ ... ဟိုတစ်​​နေ့ ​ကျောင်း
ခေါင်​မိုးထပ်​​ပေါ်မှာ Baekhyun နှင့်​ စကား​ပြော
ပြီး​နောက်​ပိုင်း သူ ​ကျောင်းကိုမသွားဖြစ်​​တော့
တာ...။ အတန်းပိုင်​ဆရာမဆီကိုသာ ခွင့်​ရက်
ရှည်​တိုင်​ကြားထားပြီး... အတန်းထဲက ဘယ်​သူငယ်​ချင်းဆီကိုမှ အဆက်​အသွယ်​မလုပ်​ဖြစ်
ခဲ့...။

" ၀င်​ကြ​လေ...အာ..Muhuu ​ရောပါလာတာ
လား... "

တကယ်​တမ်း သူငယ်​ချင်း​တွေအိမ်​အထိလိုက်
လာတာမြင်​​တော့လည်း အားနာမိပြန်​တယ်​။
ဟိုနှစ်​​ယောက်​ကလည်း ညှိုးနွမ်း​နေတဲ့ သူ့မျက်​နှာအ​နေအထား​ကြောင့်​ ​ခေါင်းကုတ်​လည်​ပင်း
ပွတ်​နဲ့ ဟိုဟိုဒီဒီကြည့်​ရင်း ၀င်​လာကြတယ်​...။

" ​နေမ​ကောင်းလို့ဆို...
ငါတို့ ဆရာမဆီ​မေးကြည့်​​တော့... "

" အမ်​...အင်း...
ဟုတ်​တယ်​...အခုမှ နည်းနည်းသက်​သာလာ
လို့... "

အ​အေးဘူးနှစ်​ဘူးကို လှမ်းပစ်​​ပေးလိုက်​ရင်း
ခပ်​​ပေါ့​ပေါ့ပဲ ပြန်​​ဖြေလိုက်​မိတယ်​...။
မိသားစုက အ​ဝေးမှာ​နေသူ​တွေမို့... တစ်​​ယောက်​တည်း​နေခဲ့တဲ့ အိမ်​ကြီးက သူတို့နှစ်​​ယောက်​​ကြောင့်​ သက်​၀င်​လာသ​ယောင်​...။

" ​​မေ့​နေတာ...
ဒါ မင်းလွတ်​​နေတဲ့ ​ကျောင်းစာ​တွေ... "

စာအုပ်​​လေးတစ်​ထပ်​လို​က်​ကို လှမ်း​ပေးလာရင်း
အခုမှ ​ပေါ့ပါးလာဟန်​နဲ့ Jimက ဆိုတယ်​...။

" ​ကျေးဇူးပဲကွာ...
ငါလည်း ပြန်​တက်​​တော့မှာပါ...
တုပ်​​ကွေးဆို​တော့... "

မျက်​နှာကြီးရှုံ့မဲ့ကာ ​ရှောင်​ဖယ်​မလိုလုပ်​လာ​သော Jim ပုံစံ​ကြောင့်​ ရယ်​ချင်​လာစိတ်​ကို
အောင့်​အီးထိန်းလိုက်​ရင်း... ​ချောင်းကို တဟွတ်
ဟွတ်​ဆိုးပြလိုက်​​တော့... ... ...
အခုပင်​ ထ​ပြေး​တော့မတတ်​ Jim ဖြစ်​ပျက်​သွား
တယ်​...။

You've reached the end of published parts.

⏰ Last updated: Oct 02, 2017 ⏰

Add this story to your Library to get notified about new parts!

ပန်းတွေ ပွင့်စေWhere stories live. Discover now