အားကစားပွဲတော်နေ့ဆိုတော့ ဆိုင်ရာဆိုင်ရာ အားကစားဝတ်စုံတွေနဲ့ ကျောင်းဝန်းကြီးက သက်ဝင်
လှုပ်ရှားနေတယ်... ... ...။
အထက်တန်းကျောင်းတွေရဲ့ အပျော်သဘော
အားကစားပြိုင်ပွဲက အချိန်ကြာလာတာနဲ့အမျှ ဂုဏ်ယူမှု
တစ်ခုအနေနဲ့ပါ ခံစားလာကြတော့... ကျောင်းသူ
ကျောင်းသားတွေအကုန် တက်ကြွလာကြတာ မဆန်း။Chanyeol လည်း ဘတ်စကတ်ဘောလက်ပြတ်ကို
အောက်က တီရှပ်အဖြူခံဝတ်ထားရင်း...လက်မှာ
လက်ပတ်ကို သေချာပတ်လိုက်မိတယ်...။
နဖူးစည်းတွေဘာတွေစည်းနေဖို့အထိ သူ့ဆံပင်ရှည်
မနေတာမို့... နည်းနည်းလေး သပ်တင်ထားရင်ကို
အဆင်ပြေပြီထင်တယ်...။အင်္ကျီလဲဝတ်တဲ့အခန်းထဲမှာ ကိုယ့်ကိုကိုယ်အားပေး
ရင်း အပြင်ပြန်ထွက်လာတော့...အပေါက်ဝမှာ ရပ်နေ
ပါသော Baekhyun ကိုတွေ့လိုက်ရတယ်...။
Baekhyun ကိုယ်တိုင်လည်း လက်ဆင့်ကမ်းပြေး
အင်္ကျီလေးနှင့်... ... ...။Baekhyun ကို တွေ့တော့ ဟိုတစ်နေ့က ကျောင်း
ဝင်ပေါက်မှာ LeeDong sunbaeကို တစ်ခုခု
လုပ်ပစ်လိုက်မယ်ဆိုသော စကားကို ပြန်ကြားယောင်
လာပြန်တယ်...။ ဟင့်အင်း...မဖြစ်နိုင်လို့သာ အတင်း
ကြိတ်မှိတ်တွေးလိုက်ရင်း... ... ..." အာ...Baekhyun... ဘာပြောစရာရှိလို့တုန်း "
" ဒါလေးလာပေးတာ... "
ကြည့်လိုက်တော့ အားဖြည့်အချိုရည်ဘူးလေး...။
အားပါးတရပြုံးနေရင်း လှမ်းပေးနေတာမို့...ကျေးဇူး
တင်စွာပဲ လှမ်းယူဖြစ်လိုက်တယ်...။
သံသယတစ်ခုကြောင့်တော့ တစ်ပါးသူစေတနာကို
ပြက်ရယ်မပြုချင်ပါ... ... ...။" ဒါဆို...ငါသွားပြီနော်...မထိခိုက်စေနဲ့ဦး... "
တပြောင်းပြန်ကြီး သူက ပြန်စိတ်ပူနေသေးတာမို့
Chanyeol ရယ်ကျဲကျဲနဲ့ ခေါင်းညိတ်ပြလိုက်တော့
မှ... စိတ်ချသွားတယ့်ဟန်နဲ့ လက်ပြလှည့်ထွက်သွား
တယ်...။