"Tsk..မိုးဆိုတာကလဲ အချိန်အခါမရှိကွာ..."
ဘေးတစောင်းအိတ်ကို သေချာပြန်ပြင်လွယ်
လိုက်ရင်း...Chanyeol စိတ်ပျက်လက်ပျက်
ညည်းလိုက်မိတယ်...။
ဒီလိုသာ မိုးရွာနေရင်...
သူ အိမ်ကိုသေချာပြန်ရောက်ပါ့မလား...၊
သူ့မျက်စိအမြင်အားကို သူသာအသိဆုံး
မဟုတ်လား...။စက်ဘီးstandရှိရာဘက်ဆီကို အမြန်ပြေးလာ
လိုက်ရင်း...
ကျောင်းဝန်းကျင်ကိုလည်း သတိထားလိုက်မိ
တယ်...။
ကျောင်းသူကျောင်းသားတွေတောင် ရှင်းကုန်
ပြီ...။
သူသာ...ဆရာမဆီက စာတမ်းနဲ့ပတ်သတ်တဲ့
အချက်အလက်တွေကို ယူနေလို့သာ...
အခုလို နောက်ကျနေရတာ...။"မသည်းပါနဲ့ဦး မိုးရယ်...
မသည်းပါနဲ့ဦး..."နှုတ်က အဆက်မပြတ်ရေရွတ်နေရင်း...
စက်ဘီးကို ပိုအရှိန်မြှင့်လိုက်တယ်...။
အလွယ်တကူပြည့်တတ်ရင် ဆုတောင်း ဘယ်မည်တော့မှာလဲ...။
ပိုပိုသည်းလာတဲ့ မိုးအောက်မှာ...သူ့အမြင်လွှာတွေ တဖြည်းဖြည်း ၀ါးလာပြီ...။"အဲ့တာက ဘယ်သူလဲ...???"
မိုးသည်းသည်းအောက်...အမြင်ဝါးဝါးအောက်
မှာ မြင်လိုက်ရတဲ့ တစ်ယောက်တည်းသောသူ။
ဘယ်သူဆိုတာ မသိ...။"လူရောဟုတ်ရဲ့လား..."
တခါတခါ အကြောက်အလန့်မရှိတဲ့ သူ့အကျင့်
ကို...သူ မြင်ပြင်းကတ်မိပေမယ့်...
ပြင်ဖို့ရာတော့ ခက်ခဲနေမိတယ်...။ကိုယ့်အတွက်လဲ အလျင်လိုနေတာသိပေမယ့်
စက်ဘီးကို...ထိုတစ်ယောက်ဘေး အရှိန်လျော့
ရပ်လိုက်မိတယ်..။စက်ဘီးခြေနင်းခုံတစ်ပတ်လည်သွားတဲ့အသံ
ရယ်...
ဘရိတ်အုပ်သံခပ်အုပ်အုပ်ရယ်က...
မိုးရေထဲကနေ မတိုးမကျယ်ထွက်လာတယ်။လှည့်ကြည့်လာတဲ့သူရဲ့ မျက်နှာကိုမြင်လိုက်ရ
တဲ့အခိုက်...Chanyeol ပါးစပ်ကနေ အလိုလို
ထွက်သွားမိတာက...