Gangstar Husband
EP 8
Mi: YoonHwa aah... နင်ပြိုင်ပွဲအတွက်ဖောင်တွေတင်ပြီးပြီလား...
သူငယ်ချင်းHeMiက ထမင်းစားနေရင်း ကျမကိုလက်ကလေးတို့ကာမေး၏. ကျမသူမမေးမှအူကြောင်ကြောင်ဖြစ်ကာ သူမမျက်နှာကိုငေးကြည့်လိုက်သည်...
YH: ဟင်...ဘာပြောလိုက်တာလဲ...
Mi: နင်အခုတလောစိတ်နဲ့လူနဲ့မကပ်သလိုပဲနော်... မှိုင်တွေတွေနဲ့...
YH: ဟုတ်လား...အင်း...
ကျမခေါင်းငုံ့ကာထမင်းဆက်စားနေလိုက်သည်... ကျောင်းတစ်ခုလုံးဆူညံနေပေမယ့်ကျမတို့နှစ်ယောက်ရဲ့ထမင်းစားပွဲလေးကတော့တိတ်တဆိတ်... HeMiကလည်း ဖုန်းကိုဖွင့်ကာပုံကြမ်းတွေကိုမှတ်နေသည်...
HeMiဆိုတာ ကျမရဲ့တစ်ယောက်တည်းသောသူငယ်ချင်းပါ... ကျောင်းကိုရောက်လာတဲ့၃ပတ်အတွင်းမှာသူမနဲ့ကျမအတော်ပင်ရင်းနှီးနေခဲ့ပြီ...
သူမကမိဘမဲ့ဖြစ်ကာ လွန်ခဲ့သော၂နှစ်ခန့်ကသူမရဲ့အစ်ကိုကြီးယာဉ်တိုက်မှုဖြင့်ဆုံးပါးသွားပြီးကတည်းက တစ်ကောင်ကြွက်ဘ၀ဖြင့်ဘ၀ကိုခက်ခဲပင်ပန်းစွာဖြတ်သန်းနေရသူဖြစ်ကြောင်း... ဒါပေမယ့် ၀ါသနာပါတဲ့ပန်းချီပညာရပ်မှာထူးချွန်တာကြောင့် ဒီကျောင်းမှာပညာသင်စရိတ်ထောက်ပံ့ခံရပြီး တက်ရောက်နေတာဖြစ်ကြောင်း... ကျမကိုရိုးရိုးလေးပဲရှင်းပြထား၏...
ကျမသူမကိုခင်တွယ်နေခဲ့သည်...
ကျောင်းပိတ်ရက်တုန်းကလည်း Oppaအိမ်မှာမရှိသည့်အချိန် သူမကိုအိမ်ခေါ်ကာ စကားတွေပြောပြီးမုန့်တွေလုပ်စားကြ၏. သူမသည် ကျမမှာအိမ်ထောင်ရှိမှန်းသိတဲ့တစ်ဦးတည်းသောသူပါ...နင်တို့မင်္ဂလာဆောင်ဓာတ်ပုံတွေရော လို့သူမမေးတော့ ကျမဘာဖြေရမှန်းမသိ... မိဘအိမ်မှာအကုန်ကျန်ခဲ့တယ်ဟုသာ လိမ်ညာခဲ့သည်...
Oppaကိုမင်္ဂလာအခမ်းအနားလေးတစ်ခုလုပ်ပေးဖို့တောင်းဆိုချင်ပေမယ့် ပြိုင်ပွဲအတွက်တောင် နှစ်ယောက်သားရန်ဖြစ်ပြီးအတင်းလိုက်လျောခိုင်းခဲ့ရတာကိုပြန်တွေးမိရင် ဘယ်ကစလို့ဘယ်လိုတောင်းဆိုရမယ်မှန်းမသိ... အတူနေနေတာလည်း တစ်လပြည့်တော့မည်... လင်မယားအရာမြောက်ခဲ့တာလည်း လက်ချိုးရေလို့ရနေပြီ... ဒါပေမယ့် အခုအချိန်ထိတရားဝင်အကြင်လင်မယားမဖြစ်သေးဘဲ ခိုးယူပေါင်းသင်းခံနေရတဲ့ကိုယ့်ဘ၀ကိုယ်တွေးမိရင် ရင်နာလို့မဆုံး... Oppaကိုချစ်လို့သာ လက်ခံခဲ့ပေမယ့် တကယ်တမ်းပြန်တွေးကြည့်တဲ့အခါ ကျမသိပ်ကိုမိုက်မဲခဲ့တယ်ဆိုတာအသိသာကြီးပါ...
YOU ARE READING
Gangstar Husband
RomanceI'm sorry baby, but you know how much I Love You... #Jung_kook #Lee_Yoonhwa(you)