Gangstar Husband EP12

5.8K 306 44
                                    

Gangstar Husband

EP 12

"Oppa...Oppa''

နူးညံ့စွာအိပ်မောကျနေတဲ့သူ့မျက်နှာလေးကိုကြည့်လျက် ဖြည်းညှင်းစွာလှုပ်နှိုးမိသည်... အရင်ကဆိုတစ်ခါလောက်နှိုးလိုက်တာနှင့် ချက်ချင်းနိုးလာတတ်တဲ့သူက ဒီနေ့ကျမှမနိုးနိုင်ဘဲရှိနေ၏. ကျမသူ့မျက်နှာချောချောကိုတစိမ့်စိမ့်ကြည့်နေရင်း နီထွေးထွေးနှုတ်ခမ်းလုံးလေးဆီအာရုံရောက်မိတော့...

သူ့မျက်နှာနားကိုတဖြည်းဖြည်းတိုးကပ်သွားမိတဲ့အခိုက်အတန့်...

ပြွတ်စ်...

YH: အို...Oppa...

ကျမမျက်နှာတစ်ခုလုံးရဲတွတ်သွားမှာသိပ်ကိုကျိန်းသေနေသည်...သူခိုးလူမိသွားသလိုရှက်သွေးတို့ကနားထင်ကိုဆောင့်တက်လာသည်ကိုး...

ကျမသူ့နှုတ်ခမ်းနားမရောက်ခင်အချိန်လေးကို ခေါင်းလေးထောင်လျက်ကျမကိုလှမ်းနမ်းလိုက်တဲ့သူ...

မျက်လုံးအစုံတို့ပြူးကျယ်သွားကာ ကုတင်ပေါ်မှချက်ချင်းဆင်းမယ်ကြံတော့ သူကကျမခါးကိုအတင်းလှမ်းဖက်ကာဆွဲချလိုက်သည်. ကျမမွေ့ယာပေါ်ပြုတ်ကျကာ ချက်ချင်းသူ့ကိုကျောခိုင်းပြီးရုန်းတော့ သူကကျမလည်ဂုတ်သားလေးကိုတစ်ချက်နမ်းလိုက်၏. သူ့အထိအတွေ့မှာမရုန်းနိုင်ဘဲ ငြိမ်သက်လျက်အကြိမ်ကြိမ်ကျရှုံးရပေါင်းလည်းမနည်းတော့ပါဘူး....

JK: ခိုးနမ်းဖို့ကြံစည်နေတယ်ဟုတ်လား...

သူ့လေသံခပ်တိုးတိုးက ကျမလည်ကုတ်လေးပေါ်ကနေခပ်ဖွဖွဖြတ်ပြေးသွားတော့ ကြက်သီးမွှေးညှင်းလေးတွေပါထသွားရသည်...

YH: မနမ်းပါဘူး...

တုန်ယင်နေတဲ့အသံလေးတွေကရှက်ရွံခြင်းရဲ့သက်သေ... သူရောကိုယ်ပါသိနေတဲ့အမှန်တရားလေးတစ်ခုကို ချစ်စရာကောင်းအောင်ကျမညာပြောခဲ့ပါသေးရဲ့.

သူ့ရယ်သံလွင်လွင်လေးက ကျမနှုတ်ခမ်းထက်ကရှက်ပြုံးလေးတွေရဲ့ မူပိုင်ရှင်များဖြစ်နေမလား...

JK: ဒီနေ့ကျောင်းပိတ်တယ်မဟုတ်လားYoonHwaရဲ့... ဘာလို့အစောကြီးထတာလဲ...

YH: ဒီနေ့ကျောင်းပိတ်လို့ တစ်နေရာရာသွားရအောင်လို့ Oppaကိုပူဆာမလို့ပါ...

Gangstar Husband Where stories live. Discover now