Gangstar Husband
EP 18
....................
အငွေ့တထောင်းထောင်းထနေသော မီးဖိုပေါ်မှ တကျွတ်ကျွတ်မြည်နေသောအသားပြားများမှာ အလျှံအပယ်... တူတစ်စုံကိုကိုင်ရင်း အသားပြားများဆီသို့အဓိပ္ပါယ်မဲ့ငေးမောနေသည့်Miကိုစိတ်မရှည်တော့... ကျက်စပြုနေသည့်သုံးထပ်သားပြားအချို့ကို သူမရှေ့ကပန်းကန်ထဲဆတ်ခနဲထည့်ပေးလိုက်မှ အသိဝင်လာကာ ကြောင်တောင်တောင်နိုင်သည့်မျက်လုံးတွေဖြင့်ကျမကိုလှမ်းကြည့်သည်...
YH: စားလေ...ဘာလုပ်နေတာလဲ...
Mi: အော်...အင်း
YH: ငါတို့ ဒီနေ့shoppingထွက်ရအောင်...နင့်အတွက်ဗိုက်ဖုံးအကျီလေးတွေလည်းဝယ်ရင်း...ငါ့အတွက်လည်းနည်းနည်းဝယ်ရမယ်...
Mi: ရပါတယ်YoonHwaရယ်...ငါ့မှာရှပ်အကျီတွေရှိပါတယ်...
YH: ဟဲ့...ဗိုက်ဖုံးအကျီဆိုတာ ကိုယ်ဝန်ရှိတုန်းဝတ်ရတာဟ...ပြီးရင်ဝတ်လို့မရတော့ဘူး... ငါ့သားလေးကလေ အရောင်နုနုလေးတွေသိပ်ကြိုက်တာ... ငါအခုတလောအရောင်နုနုလေးတွေဝယ်ဖြစ်နေတယ်...
ကျမစကားပြောရင်းချဉ်ခြင်းတပ်နေသည့် ဝက်သားကင်များကိုအငမ်းမရစားမိသည်... သူမကိုကြည့်လိုက်တော့လည်း မစားရတာကြာပြီထင်ရဲ့... ကျမလိုအငမ်းမရကြီးမဟုတ်ပေမယ့် ခပ်သွက်သွက်စားနေ၏...
YH: ငါတို့နှစ်ယောက်က ကိုယ်ဝန်ရှိပြီးမှအရမ်းစားနေကြတယ်နော်...
ကျမခပ်တိုးတိုးလှမ်းပြောလိုက်တော့ သူမကဇက်ကလေးကိုပုကာခေါင်းလေးညိတ်လျက်တခွိခွိရယ်သည်...
စားသောက်ပြီးကျမတို့ဒုံဒယ်မွန်းဈေးထဲမှာ ရေခဲမုန့် အာလူးကြော်ကိုယ်စီကိုင်လျက် ဘယ်နကြိမ်မှန်းမသိအောင်ပတ်နေမိသည်... မိန်းကလေးချင်းဆိုတော့မောလို့မောမှန်းလည်းမသိ... စိတ်တိုင်းကျမရမချင်းကို ခြေတိုအောင်ပတ်နေတော့သည်... JungKook oppaနဲ့ဆိုရင် တစ်နာရီလောက်ကြာတာတောင် မျက်နှာကမှိုင်းညို့ကာစူပုပ်နေပြီ... ပြီးတော့ လိုချင်တာကိုယူ ဈေးလည်းမဆစ် ရော့ အင့် ဆိုကာ ဝယ်ချလာတတ်သူမျိုး... တွေးရင်းပြုံးမိတော့ ဗိုက်ထဲကလှိုက်ခနဲလှုပ်သွားသလိုခံစားလိုက်ရသည်...
YOU ARE READING
Gangstar Husband
RomanceI'm sorry baby, but you know how much I Love You... #Jung_kook #Lee_Yoonhwa(you)