Gangstar Husband EP17

4.4K 290 46
                                    

Gangstar Husband

EP 17

Song:
Hyorin - Crazy of you
LeeHi - My love
Davichi - This love

.................................

YG: ငါတို့သွားသင့်ပြီYoonHwa...

YH: Oppa... ခဏပါပဲ...

YG: သူသတိရလာရင်မင်းအရမ်းအကျပ်အတည်းဖြစ်သွားမှာနားမလည်ဘူးလား... သူ့ကိုဒီလောက်ပဲဆွဲထားပါတော့... သွားသင့်ပြီYoonHwa...

ဟုတ်တယ်လေ...
ကျမYoongi Oppaရဲ့မျက်နှာကို မျက်ရည်တွေဝေ့သီကာကြည့်နေရုံအပြင်ဘာမှမတတ်နိုင်တော့...ကျမသွားရမည်... သွားမှဖြစ်မည်...

YH: ခဏလေး...

အားကိုးတကြီးတောင်းဆိုမိတော့ ကျမလက်တွေကိုဖြည်းညှင်းစွာဖြေလျှော့ပေးတဲ့လက်တွေဆီကရုန်းထွက်ကာ သူရှိရာသို့ပြေးလာမိသည်...

အခန်းထဲမဝင်ရဲဘဲ...တံခါးမှာတပ်ဆင်ထားတဲ့မှန်ချပ်လေးမှနေ၍သူရှိရာသို့မဝံမရဲငေးကြည့်မိသည်...

ဆရာဝန်တွေကြားမှာကျမကိုရှာနေတဲ့သူ့မျက်ဝန်းလေးတွေ ကျမရင်မဆိုင်နိုင်စွာမျက်နှာကိုလက်ဖြင့်အုပ်လျက်ငိုကြွေးမိသည်...

မရှာပါနဲ့ကွယ်...
ရင်နာရမယ့်အခြေအနေကို
မသိစေချင်လို့ပါ...

ချစ်တယ်လို့ဖွင့်ပြောတဲ့အခါ နာကျင်ရမယ်...
တောင်းပန်ပါတယ်လို့နှုတ်ဆက်တဲ့အခါငိုကြွေးရမယ်...

ဘယ်အရာကမှ ကိုနဲ့မထိုက်တန်ဘူး...

တစ်လောကလုံးမှာကိုနဲ့အထိုက်တန်ဆုံးဟာ ဖြူစင်တဲ့အပြုံးလေးတွေ...

ကျမလက်တွေကိုဆုပ်ကိုင်ပေးပါ...
ကျမကိုဖက်ထားပေးပါ...
ဘယ်သောအခါမှတောင်းဆိုခွင့်မရတော့ဘူးဆိုတဲ့အသိက ရူးသွားအောင်ပြုစားနေသလို...

တစ်ခါလောက်ကို့ကိုဖက်ထားခွင့်ရချင်သေးတာ...
နောက်ဆုံးအနေနဲ့ ချစ်တဲ့အကြောင်း ကျမဘဝမှာကိုဟာတန်ဖိုးအရှိဆုံးအမှတ်တရတစ်ခုဖြစ်ခဲ့တယ်ဆိုတာ ကို့မျက်လုံးတွေကိုမြတ်မြတ်နိုးနိုးကြည့်ပြီး ပြောပြချင်သေးတာပါ...

တံခါးကိုကျောခိုင်းလိုက်ကာ ထိုင်ချလိုက်တော့ အနားကိုအလိုလိုရောက်လာတဲ့ Yoongi Oppa...

Gangstar Husband Where stories live. Discover now