Gangstar Husband EP 20

4.6K 316 24
                                    

Gangstar Husband

EP 20

.....................................

ဆေးရုံခေါင်မိုးထပ်ဟာ မိုးရွာထားသည့်အရှိန်ဖြင့် မိုးသက်လေတို့တိုက်ခတ်ကာ အေးမြနေသည်........

သူမသူ့ကိုမော့ကြည့်တဲ့မျက်လုံးတွေကိုသူသိနေ၏...
မဟုတ်ပါစေနဲ့ဟုဆုတောင်းခဲ့သော်လည်း သူမနှုတ်ကျထွက်ကျလာသည့်စကားများသည် သူ့ဦးနှောက်ထဲမှာစာစီထားသည့်အတိုင်း...

YH: ကျမ...သားနဲ့သမီးကိုဖျက်ဆီးလိုက်တော့မယ်...

YG: Lee YoonHwa...

သူ့လေသံတွေပြင်းထန်သွားကာ သူမပုခုံးတွေကိုဆုပ်ကိုင်လျက် သူမခန္ဓာကိုယ်လေးကို ခါရမ်းပစ်လိုက်မိသည်...

YG: မင်းဘယ်လိုပြောလိုက်တာလဲ...

သူမမျက်ဝန်းကမျက်ရည်တွေဟာ တာကျိုးသကဲ့သို့ပြည့်လျှံကာစီးကျ၏...

သူမရင်ထဲကပူလောင်မှုတွေဟာ အခိုးအငွေ့အဖြစ်သာမြင်နေရလျှင်အငွေ့တလူလူတက်နေမှာသေချာသည်...

သူ့နှလုံးသားက အဲလောက်ထိသဘောမကောင်းဘူးကလေးရယ်...

YH: ကျမမှာအဲဒီနည်းလမ်းအပြင်မရှိတော့ဘူးOppa... သူနဲ့ကျမဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတာ Oppaလည်းသိတာပဲ... ကျမကိုသူဆက်ပြီးကပ်တွယ်မနေဖို့ ကျမသားနဲ့သမီး ကျမဖျက်ဆီးရတော့မယ် ...

YG: မဟုတ်သေးဘူး YoonHwa... အရမ်းကိုမှားနေကြပြီ...

YH: အဲဒါဆို ကျမကကျမအစ်ကိုအရင်းကိုလက်ထပ်ပြီး သူ့ကလေးတွေကိုမွေးရမယ်လို့ပြောနေတာလား...

YG: မင်းအရင်ကတည်းကဒီကလေးတွေကိုမွေးဖို့ဆုံးဖြတ်ထားပြီးသားပဲ...ဘာလို့အခုမှဖျက်ဆီးပစ်ချင်ရတာလဲ...

YH: အဲဒါသူမရှိဘဲမွေးမယ်လို့ပြောခဲ့တာ... အခုသူသိသွားပြီ...ကျမကိုဘယ်နည်းနဲ့မှလက်လွှတ်တော့မှာမဟုတ်ဘူး...

သူဘာလုပ်သင့်လဲ...
အစအဆုံးသိနေသည့်ဖြစ်ရပ်မှန်တစ်ခုကို
သူပြောပြလိုက်သင့်သလား...

သူမနာကျင်ခံစားနေရမည့်အစား
သူ့ရင်တွေသာအကွဲခံလိုက်တာ ပိုမကောင်းဘူးလား...

Gangstar Husband Where stories live. Discover now