1

879 50 3
                                    

"ဝေဖြိုးသန့် ..."

အိမ်ရှေ့မှ ကျယ်လောင်သောအသံတစ်ခုကြောင့်ဆတ်ကနဲနိုးလာရသည်။ဒီအသံကလည်း ဆောနူအိပ်ယာထဖို့အတွက်ဆော်ဩနေကျအသံတစ်ခုလိုမျိုးတောင်ဖြစ်လုနီးပဲ။ဒါပေမဲ့ ဒီနေ့ တနင်္ဂနွေကျောင်းပိတ်ရက်ဖြစ်တာမို့ ဆောနူအိပ်ချင်သေးသည်။အိပ်ယာထဲမှမထသေးဘဲမှေးနေလိုက်ကာအသံကတဖြည်းဖြည်းဝေးကွာသွားလေသည်။ဆောနူလည်းအိပ်မက်ကမ္ဘာဆီသို့ပြန်လည်ရောက်ရှိသွားတော့သည်။

" ရှန်ဘေး " ဆိုတဲ့ရွာလေးကတခြားရွာတွေနဲ့မတူဘဲ တသီးတသန့်လေးရှိနေတဲ့ရွာကလေးဖြစ်သည်။တခြားရွာကသူတွေဆို ကျွန်တော်တို့ " ရှန်ဘေး " ရွာလေးကိုသိပ်သဘောကျကြသည်။အဲ့လိုကျွန်တော်တို့ရွာလေးက သိပါသဘောကျဖို့ကောင်းတာ။

ရွာကအရမ်းကြီးတဲ့ရွာမျိုးမဟုတ်ဘဲ ကျွန်းစုလေးတစ်ခုလိုမကျဉ်းမကျယ်ကုန်းမြေလေးတစ်ခုဖြစ်သည်။ချောင်းတစ်ခုက
ရွာလေးကိုပတ်ပတ်လည်ဝန်းရံထားတာမို့ ရွာလေးကကျွန်းစုသဖွယ်။မြင်ရတွေ့ရသည်မှာလည်းသာယာကြည်နူးဖွယ်အတိ။

ထိုချောင်းကလေးသည် ဆောနူ တို့တစ်ရွာလုံးရဲ့အားထားရာ။မြတ်နိုးရာ။တန်ဖိုးထားရာ။အဖိုးတန်ချောင်းငယ်လေးတစ်ခုဖြစ်သည်။ထိုချောင်းကလေးရဲ့အားသာချက်ကဆယ့်နှစ်ရာသီလုံးစိမ်းမြကြည်လင်နေခြင်းဖြစ်သည်။ထို့ပြင် ထိုချောင်းကလေးရဲ့အားသာချက်တစ်ခုက ထိုချောင်းမှရေများသည် နွေရာသီဆိုကြည်လင်အေးမြနေတတ်ပီး၊ဆောင်းရာသီဆို ခပ်နွေးနွေးသဘောကိုပေးသည်။

ရွာသူရွာသားအားလုံးဟာ ရေဘုံပိုင်တစ်ခုစီပိုင်ဆိုင်ထားပေမဲ့
ထိုရေဘုံပိုင်အားသောက်ရေသုံးရေအတွက်သာသုံးပီး။ချောင်းငယ်က ရေကလေးတွေကိုတော့အများစုက ချိုးရေအဖြစ်လည်းကောင်း၊အဝတ်လျှော်ရာတွင်လည်းကောင်း ခုံခုံမင်မင်အသုံးပြုတတ်ကြသည်။ထိုချောင်းငယ်လေးက ဆောနူ တို့တစ်ရွာလုံးရဲ့အသက်သွေးကြာဖြစ်သလို၊ယုံကြည်အားထားရာဖြစ်တည်မှုလေးတစ်ခုလည်းဖြစ်သည်။

" သားသားရေ မထသေးဘူးလား 9 နာရီထိုးတော့မယ် "

" ဝေဖြိုးသန့်တို့သားမိလုပ်လို့ တစ်ရေးနိုးပီးပီ မေမေရေ "

အဖြူအစိမ်း ( Completed )Where stories live. Discover now