Part 1

377 21 1
                                    

Part 1

"အားးးး...!!!"

ထောင်းခနဲ တက်လာတဲ့ သူမမုန်းတဲ့ ကော်ဖီ အနံ့နဲ့အတူ လောင်မြိုက်အောင် မပူသော်လည်း အားဆို အော်ရလောက်အောင် ပူပြီး စိုရွှဲသွားတဲ့ သူမပုခုံး... Yoonsook ဒေါသထွက်သွားပြီ...

YS: "ဘာလဲဟ???"

ဆိုတဲ့ အော်သံနဲ့ အတူ သူမနောက်ကို လှည့်ကြည့်တော့ အဖုံး တစောင်းကြီး ပွင့်နေတဲ့ ကော်ဖီခွက်ကို ကိုင်ထားတာ အရပ်ရှည်ရှည် ကောင်လေးတစ်ယောက်... သူမကို စကားလုံးတွေ ဆွံ့အစွာ မျက်လုံးပြူး ကြည့်နေတယ်...

(ဒီအချိန်မှာ တောင်းပန်စကား တွေ တတွတ်တတွတ် ထွက်လာရမှာ မဟုတ်ဘူးလား???) သူမ အသည်းယားစွာ တွေးမိတယ်...

YS: "ဒီမှာ ဘာဖြစ်သွားတာလဲ ရောမြင်ရဲ့လား?"

သူမ ငေါက်လိုက်တယ်... ကောင်လေး ကြောင်နေရာကနေ မျက်နှာ နည်းနည်း ပျက်သွားပြီး...

Guy: "မတော်လို့ ဆောရီး..."

YS: " ဆောရီးးး??!!!..."

သူမ အသည်းပေါက်သွားပြီ... (ဒါ ဆောရီး တစ်ခွန်းထဲ ပြောရမယ့် အခြေအနေလား?!!)

"လူတစ်ယောက် ကိုယ်ပေါ်ကို ကော်ဖီ ပူပူကြီးတွေ ဖိတ်ကျအောင် လုပ်တုန်းက လုပ်ပီးတော့ ပါးစပ်က ပြောထွက်လာတာ ဆောရီး?? ဒါပဲ?!!"

သူများ ငေါက်တာ တခါမှ မခံရဖူးတဲ့ Hyungsik... သူ့ရှေ့က လက်တောက်လောက် ရှိတဲ့ ကောင်မလေးက သူ့ လာငေါက်နေတော့ မခံချင်ဘူးပေါ့...

HS: " ဆောရီး မပြောလို့ ဘာပြောရမှာလဲ? "

Hyungsik က ဘုစပ်စပ် ပြန်ပြောတော့ Yoonsook တော်တော်လေး အမြင်ကတ်သွားတယ်...

YS: "ဘာပြန်ပြော...~"

သူမ စကားပြောတာတောင် မဆုံးသေးဘူး Hyungsik က ကြားဖြတ်ပြီး...

HS: " ပြီးတော့ ကော်ဖီက အဲ့လောက်လည်း မပူပါဘူး... သောက်နေတာဖြင့် တဝက် ကျိုးတော့မယ်..."

သူမရှေ့မှာ ကော်ဖီခွက်ကြီး လှုပ်ခါပြပြီး ပြောတော့ သူမ ဒေါသထွက်တာမှ သွေးတွေပါ တက်သွားတယ်...

YS: "ဘယ်လို ဘယ်လို?!! Omo!!~ သူကပဲ ခံရတဲ့ လူကို ပြန်လာ ရန်တွေ့နေတယ်..."

Smell of Coffee on the Train (Hiatus)Where stories live. Discover now