Part-6
Mask နဲ့ ကောင်လေးက Yoonsook ဘက် ကိုယ်ကို ကိုင်းပြီး လှမ်းဖက်လိုက်တယ်...
နောက် သူမ နားနားကပ်ခါ တိုးတိုးလေး...
HS: " ကော်ဖီနံ့ ရတယ်..."
(ဟင်... ငါလည်း ကော်ဖီ မသောက်ပါဘူးးး...) သူမတွေးမိတယ်...
YS: "ဟမ်?!!"
HS: "အက်ႌက မေလွ်ာ္ရေသးတာလား??"
အခု သူမကို သူဖက်ထားရာကနေ လွှတ်လိုက်ပြီ...
(ဟာာာ... ကော်ဖီမှောက်တာ သူဘယ်လို သိတာလဲ?!!)
YS: "ဘယ်လို~?!"
Hyungsik သူမ ဝတ်ထားတာကို သေချာ ကြည့်လိုက်ပြီး...
HS: "အာာာ... မနေ့က ဝတ်ထားတာ ဒီအင်္ကျီမှ မဟုတ်ပဲ..."
(Omo!! ဒါ.. ဒါ... ဟိုကောင်... ရထားပေါ်က...) သူမ မျက်လုံးပြူးပြီး သူ့ကို စိုက်ကြည့်ရင်း...
YS: "နင်... မနေ့က တစ်ယောက်!!"
သူမ လက်ညှိုးထိုးပြီး ပြောလိုက်တယ်... သူကတော့ သူမကို ကြားတောင် ကြားရဲ့လားမသိ... သူပြောချင်တာပဲ ဆက်ပြောသွားတယ်...
HS: " အော်... သိပြီ... ရေမချိုးရသေးတာ... ဟုတ်တယ်မလား?!!"
YS: "Yahhhh~!!!"
သူမ အော်ပြီလေ... အစကတည်းကမှ သူမနဲ့ သူနဲ့ စကားပြောနေလို့ လူတွေက ဂရုတစိုက် ကြည့်နေရတဲ့အထဲ... အခုတော့ နားစွင့်နေတဲ့ လူတွေကြား ပျံ့သွားတဲ့ စကားက...
Girl 1: "omo~ ရေမချိုးရသေးဘူးတဲ့..."
Girl 2: "ဟယ် ဟုတ်လား... တကယ် အဲ့လို ပြောလိုက်တာလား?!!"
Ahjuma 1: "ဒီနေ့ freehug event ရှိတာ မသိဘူးလား မသိဘူး ကွယ်..."
Ahjuma 2: "ကလေးမလေး သနားပါတယ်... ကျွတ်ကျွတ်..."
တစ်ယောက် တစ်ပေါက် ပြောနေကြတဲ့ အသံတွေကြား သူမ ဘယ်လို ပြန်လှည့်ထွက်ရမလဲတောင် မစဉ်းစားရဲတော့ဘူး...
Hyungsik ကတော့ သူမစိတ်ဆိုးနေတဲ့ ပုံကို ကြည့်ပြီး အားရပါးရ ရယ်နေတုန်း...
သူမ သူ့ကို မျက်စောင်းတစ်ချက် လှန်ထိုးလိုက်ပြီး လှည့်မထွက်သွားခင် သူ့ခြေထောက်ကို ခပ်နာနာ အားနဲ့ စောင့်နင်း ပစ်ခဲ့တယ်...

YOU ARE READING
Smell of Coffee on the Train (Hiatus)
FanfictionZE:A Hyungsik Fanfic (feat. Taehyung BTS) Hyungsik x Yoonsook Taehyung x Somoo သူဌေးသား Hyungsik နဲ့ Taehyung တို့ ညီအစ်ကို နှစ်ယောက်... သူဌေးသမီး Yoonsook နဲ့ သူမ သူငယ်ချင်း Somoo တို့နဲ့... ရထားပေါ်မှာ တွေ့ဆုံကြပြီးနောက်??? ------------------- ရေး...