Part-5
Yoonsook တို့တွေ event လုပ်မယ့် နေရာကို မနက်စောစော ထွက်လာခဲ့ကြတယ်... ဆိုင်ရာ ဆိုင်ရာ Booth တွေပြင်ဆင်ပြီးနောက် Sales team က Somoo Yoonsook ထိုင်ရာ booth ကို ရောက်လာတယ်...
SM: "နင်လည်း သနားပါတယ်နော်... တစ်ယောက်တည်းရယ်..."
YS: "အမှန်က ဒီ event က ငါတို့ Product Design team နဲ့ ဆိုင်မှ မဆိုင်ပဲ... ငါ့ဘာငါ customer တွေနဲ့ ထိတွေ့ပြီး feedback တွေ improvement တွေ ကောက်ချင်လို့သာ ခွင့်တောင်းပြီး လိုက်လာတာ..."
SM: "reason က ဒါပဲလား မိန်းမ??!"
Somoo က စပ်ဖြီးဖြီးနဲ့ မေးတယ်...
YS: " ပြီးတော့ ချစ်တုံးလေး Somoo လည်း ရှိတယ်လေ... ဟီးဟီးးး..."
SM: " တော်... ကောင်လေး ချောချောလေးတွေ ပါလို့ မဟုတ်လား ပြော!!..."
YS: "အဲ့ဒါက reason ရဲ့ 1% တောင် မရှိပါဘူးဟာ... ဒါနဲ့ အဲ့ ကောင်လေးတွေ ရောက်ပြီလား?!!"
Yoonsook က ပြောရင်းဆိုရင်း ခေါင်းထောင်ပြီး ဟိုကြည့်ဒီကြည့် လိုက်ကြည့်တော့ Somoo က သူမ လက်မောင်းကို လှမ်းရိုက်လိုက်ပြီး...
SM: "မိန်းမ!! ကြည့်.. ကဲနေတာ..."
YS: " ဟဲ ဟဲ... "
SM: " ငါသွားတော့မယ်... customer တွေ လာတော့မှာ... နင် ပျင်းရင် ငါ့ booth ဆီ လာလည်နော်..."
YS: "အင်းပါ... သွားသွား... အများကြီး ရောင်းခဲ့... fighting!!"
SM: "araseo~ neodu fighting!!"
---------------------
ခဏနေတော့ Jenny ဆိုတဲ့ planning team က ကောင်မလေး Yoonsook နားရောက်လာတယ်... သူမလည်း Yoonsook တို့ နဲ့ ရင်းနှီးတယ်...
J: "Yoonsook ah... ဟိုမှာ ကောင်လေးတွေ ရောက်နေပြီ ပြောတယ်... သွားရအောင်..."
YS: "ဟယ် ရောက်ပြီလား... စောလိုက်တာ... Somoo ကို သွားခေါ်ရဦးမယ်..."
J: " ငါသူ့ဆီ အရင်သွားတာ... နေရာမှာ မရှိဘူး..."
YS: " ဟင် ဟုတ်လား... သူ့စောင့်ရမလား?"
J: " စောင့်မနေနဲ့... လာ သွားမယ်..."
ပြောပြောဆိုဆိုနဲ့ သူမလက်ကို ဆွဲပြီးခေါ်သွားတယ်...
J: " တော်ကြာ လူတွေ ပြုံလာလိမ့်မယ်..."

YOU ARE READING
Smell of Coffee on the Train (Hiatus)
FanfictionZE:A Hyungsik Fanfic (feat. Taehyung BTS) Hyungsik x Yoonsook Taehyung x Somoo သူဌေးသား Hyungsik နဲ့ Taehyung တို့ ညီအစ်ကို နှစ်ယောက်... သူဌေးသမီး Yoonsook နဲ့ သူမ သူငယ်ချင်း Somoo တို့နဲ့... ရထားပေါ်မှာ တွေ့ဆုံကြပြီးနောက်??? ------------------- ရေး...