Part-3
ဒီနေ့ မှ ဘူတာမှာ တိုက်စီတွေ ရှားနေတယ်... Yoonsook တို့သူငယ်ချင်း နှစ်ယောက် တိုက်စီစောင့်နေတာ ကြာပြီ...
Hyungsik တို့ညီအစ်ကို နှစ်ယောက်ကလည်း အစက အိမ်က လွှတ်ပေးလိုက်တဲ့ကားကို စောင့်နေသေးတယ်... တော်တော်နဲ့ ရောက်မလာလို့ ဖုန်းဆက်မေးတော့မှ လမ်းမှာ ကားပျက်နေတာတဲ့...
ဒါနဲ့ပဲ Taehyung က တိုက်စီစီးသွား ရအောင်ဆိုလို့ Hyungsik တစ်ယောက် မလိုက်ချင် လိုက်ချင်နဲ့ တိုက်စီငှားတဲ့နေရာကို ပေစောင် ပေစောင်း ပါလာတယ်...
သူတို့ တိုက်စီငှားတဲ့ နေရာ ရောက်တော့ တိုက်စီတစ်စီးလာတာတွေ့တာနဲ့ လှမ်းတားလိုက်တယ်... အမှန်က Yoonsook တို့က အရင်ရောက်နှင့်ပြီး တိုက်စီစောင့်နေတာ...
ဒါပေမယ့် ကားလာတဲ့ အချိန်မှာ သူမတို့ နှစ်ယောက်လုံ အသစ်ထွက်တဲ့ BAP MV ကို Somoo ဖုန်းမှာ အသည်းအသန် ဝိုင်းကြည့်နေတာနဲ့ မမြင်လိုက်ဘူး...
Yoonsook တစ်ချက် ကားလာလားဆို မော့ကြည့်လိုက်တော့ သူမတို့ရှေ့မှာ တိုက်စီတစ်စီး... ဒါပေမယ့်... တခြားတစ်ယောက်က တက်ဖို့ တံခါးနားရောက် နေပြီ...
YS: "ခဏနေဦးးး!!!~"
ဆို အော်ခါ သူမ အသည်းအသန်ထ သွားတယ်...
Hyungsik လည်း တံခါးဖွင့်ဖို့ လုပ်နေရာကနေ အသံလာရာဘက် ကြည့်လိုက်တော့...
HS: "လာပြန်ပြီ ဒီတစ်ယောက်..."
Yoonsook လည်း Hyungsik ဒီဘက်ကို လှည့်ကြည့်လိုက်တော့မှ...
YS: "ဘာလဲဟ... ဒီကျက်သရေတုံးပဲလား... ငါ့ကို လိုက်နှောက်ယှက်ဖို့များ ရောက်လာသလားပဲ..."
ကားနားရောက်လာတော့ Hyungsik က စိတ်ရှုပ်တဲ့ ပုံနဲ့ လှမ်းပြီး...
HS: "အခုက ဘာဖြစ်ရပြန်ပြီလဲ?"
YS: "ငါတို့က ဒီအရင်ရောက်တာ... ကားစောင့်နေတာ ကြာလှပြီ... ကားငှားချင်ရင် တန်းစီလေ... ဒီလိုတော့ ကြားမဖြတ်သင့်ဘူး..."
HS: " နောက်မှာလည်း ဘယ်သူမှ ရှိတာ မဟုတ်ဘူး... ပြီးတော့ မင်းတို့သာ တကယ် ကားစောင့်နေတယ် ဆိုရင် ဒီလို လွတ်သွားစရာ အကြောင်းမရှိဘူး..."

YOU ARE READING
Smell of Coffee on the Train (Hiatus)
FanfictionZE:A Hyungsik Fanfic (feat. Taehyung BTS) Hyungsik x Yoonsook Taehyung x Somoo သူဌေးသား Hyungsik နဲ့ Taehyung တို့ ညီအစ်ကို နှစ်ယောက်... သူဌေးသမီး Yoonsook နဲ့ သူမ သူငယ်ချင်း Somoo တို့နဲ့... ရထားပေါ်မှာ တွေ့ဆုံကြပြီးနောက်??? ------------------- ရေး...