Part 4

91 15 0
                                    

Part-4

Hwarang Hotel ရှေ့အရောက်မှာ ကားရပ်လိုက်တယ် ဆိုတာနဲ့... ချက်ချင်း ကားတံခါး ဖွင့်ပြီး လှစ်ခနဲ ထထွက်သွားသူက Hyungsik... Yoonsook တောင် အံအားသင့်သွားတယ်... အစက ပြဿနာ ရှာဦးမယ် ထင်နေတာ...

TH: "hyung!!~ တူတူသွားမယ်လေ..."

ဆိုအော်ခေါ်ပေမယ့် ဟိုတစ်ယောက်က ဟိုတယ်ထဲ ဝင်သွားနှင့်ပြီ...

Yoonsook နဲ့ Somoo တို့ ကားနောက်ခန်းကနေ ပစ္စည်းတွေ ထုတ်နေတုန်း Taehyung က ကားခ ရှင်းပြီး သွားနှင့်ပြီ... တဝက် ပြန်ပေးမယ် ဆိုလည်း လက်မခံဘူး...

TH: " နေပါစေ... Hyung က ဒီက Noona ကို ဒီနေ့ တော်တော် ဒုက္ခပေးထားပုံရတယ်... အဲ့တော့ ကျနော်ကပဲ တောင်းပန်တဲ့အနေနဲ့ ပေးပေးပါရစေ..."

YS: "အာာာ... မဟုတ်တာ... သူလုပ်တာ သူတောင်းပန်ရမှာပေါ့..."

TH: "သူက ကျနော့် အစ်ကို ဆိုတော့ ကျနော် သူ့ကိုယ်စား တောင်းပန်တာ လက်ခံပေးပါနော်..."

မျက်နှာလေးဖြီးပြီး innocent ရုပ်နဲ့ ပြောတော့ Noona တွေ အသည်း ပျော့ပြီပေါ့...

YS: "ဒါဆိုလည်း လက်ခံပေးလိုက်ပါ့မယ်... အော် အစ်ကိုနဲ့ ညီနဲ့များ ကွာပါ့..."

TH: "ဟီးဟီးး gomawoyo noona..."

YS: "Nae~ ဒါဆို သွားလိုက်ဦးမယ်နော်..."

ဆို နှုတ်ဆက်ပြီး ထွက်လာခဲ့တယ်...

---------------------

Yoonsook တို့သူငယ်ချင်း နှစ်ယောက် ဟိုတယ်ခန်းထဲရောက်တော့ Somoo က ကုတင်ပေါ် ခြေပစ်လက်ပစ် လှဲချလိုက်ပြီး...

SM: "ဝိုးးး... ငါတို့ ကုန်ပဏီက ရက်ရောတယ်နော်..."

YS: " အေးလေ... ဒီလောက်ကောင်းတဲ့ ဟိုတယ်မှာ ငါတို့ကိုထားတာ... တော်တော်လေး ပိုက်ဆံကုန်မှာ..."

SM: "majayo!! အဲ့ဒါကြောင့် ငါတို့ကလည်း မနက်ဖြန် promotion event အတွက် ကောင်းကောင်း ကြိုးစားရမယ်..."

YS: "နင်က ပိုအရေးကြီးတယ်... Sales team ကဆိုတော့ များများရောင်းနိုင်မှ..."

SM: "ကိစ္စမရှိပါဘူး... ငါ့ charm နဲ့ဆို ဝယ်မယ့်သူတွေ ဝိုင်းဝိုင်းလည်နေမှာ..." *proud*

YS: "မိန်းမ နင်ရောင်းရမှာ မိန်းမအသုံးကုန် cosmetic ဆိုတာလည်း မမေ့နဲ့ဦး... လာဝယ်မှာ ကောင်လေးတွေ မဟုတ်ဘူး..."

Smell of Coffee on the Train (Hiatus)Where stories live. Discover now