Zawgyi //
ဒီနေ့က အသေးလေးမိဘ တွေရဲ့ အသုဘပြီး နှစ်ပတ်မြောက်နေ့.. ၊ အသေးလေးကို ကလေးဆန်ဆန် နေ့တိုင်းငိုနေမယ်လို့ ခန့်မှန်းခဲ့ပေမယ့် အသေးလေးက နောက်ထပ်တစ်ခါထပ် မငိုတော့ဘဲ .. အိမ်မှာ ပေးတာယူ ကျွေးတာစား တဲ့အလုပ်အပြင် ထွေထွေထူးထူး စကားပြောချင်းလည်းမရှိတော့ပေ ။
အိမ်မှာတော့ အသေးလေးရဲ့ အခန်းကိုသီးသန့်မထားရသေးတာကြောင့် လောလောဆယ် ကျွန်တော်နှင့် တစ်ခန်းတည်းနေရသည် .. ။ ကျွန်တော် စာလုပ်တဲ့အချိန်ဆို အသေးလေးက အသံတစ်စက်မှမထွက်ပဲ သူ့ရဲ့မသင်ရသေးတဲ့ ကျောင်းစာတွေ ကို ဖတ်နေတတ်သလို .. ကျွန်တော် စာအုပ်သိမ်းတာနဲ့ သူလည်း သိမ်းပြီး လိုက်အိပ်တတ်သည် ..။
ဒီနေ့တော့ ကျွန်တော်ကျောင်းကနေ သူငယ်ချင်း အချို့ပါလာတာမို့ ဧည့်ခန်းထဲမှာ သူငယ်ချင်းတွေနဲ့ မုန့်စားရင်း စာလုပ်နေကြသည်.. ။
" မေမေ.. ကောင်းရော.. သားသူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးချင်လို့ .. "
မေမေက သူမလက်ထဲမှာ ကိုင်ထားတဲ့ မုန့်ပန်းကန်ကို စားပွဲပေါ် ချပေးရင်း..
" ထုံးစံအတိုင်း အခန်းထဲမှာပဲပေါ့ သားရယ်.. မေမေသွားခေါ်ပေးရမလား... "
" ရတယ် မေမေ သားသွားခေါ်လိုက်မယ် .. မိုးစက် .. တာရာ ဒီမှာခဏစောင့်.. ငါ့ညီလေးနဲ့မိတ်ဆက်ပေးမယ် .. "
ကျွန်တော် တက်ကြွစွာနဲ့ အိမ်အပေါ်ထပ်ကိုလှစ်ခနဲပြေးတက်ပြီး အသေးလေးရှိနေတဲ့ ကျွန်တော်တို့အခန်းထဲကို ၀င်လိုက်သည်...
" အသေးလေး.. "
ကျွန်တော်ခေါ်လိုက်တော့ စာကြည့် စားပွဲမှာထိုင်နေတဲ့ အသေးလေးက ကျွန်တော့် ကိုလှည့်ကြည့်လာသည်..
" ကိုယ့်သူငယ်ချင်းတွေပါလာတယ် .. မိတ်ဆက်ပေးချင်လို့ ခဏလောက်ထွက်လာပါလား.. "
ကျွန်တော်ပြောလိုက်တာနဲ့ အသေးလေးကို ခေါင်းခါပြပြီး ငြင်းသည်.. ။ အစထဲကမှန်းထားတဲ့ ရလဒ်ဖြစ်သော်ငြားလည်း ကျွန်တော်သိသိသာသာ မျက်နှာပျက်သွားမိသည်..
ဒီသေးသေးလေးကို သူဘယ်လိုပျော်အောင်လုပ်ပေးရမလဲဆိုတာ တကယ်မသိတော့ပေ.. ။ အငြင်းခံရတာကြောင့်ပျက်သွားတဲ့ မျက်နှာ အမူအရာနဲ့အတူ ကျွန်တော်ပြန်လှည့်ထွက်လာခဲ့ဖို့ အပြင် အနောက်မှဆွဲထားတဲ့ တစ်စုံတစ်ရာက ဆွဲထားတာကြောင့် လှည့်ကြည့်မိတော့..
YOU ARE READING
မှားယွင်းသောချစ်ခြင်း စစ်မှန်သောမေတ္တာ
Teen FictionMyanmar Boy Love Series Zawgyi/Unicode version Originally written by _Pan_