ဒီနေ့လည်း ထုံးစံအတိုင်း အပြင်မှာ မိုးတွေသည်းကြီးမည်းကြီးရွာနေပြန်သည်..။ မနေ့က ခရီးကပြန်လာလို့ တစ်ရေးအိပ်ပြီးထဲက သူခေါင်းတွေတောက်လျှောက်ကိုက်နေတာကို လင်းရောင်သိသွားကတည်းက ဒီနေ့အတွက်ဆေးရုံမှာ စာရင်းပေးလိုက်တာဖြစ်သည်..။ တကယ်တည်း ဆေးရုံပြဖို့ သူငြင်းဆန်ချင်ပေမယ့် .. မေမေရော လင်းရောင်ရော စိတ်ချမ်းသာအောင် သူလက်ခံခဲ့မိတာဖြစ်သည်..။
အခုတော့ အလုပ်ကနေ ဆေးရုံသွားဖို့ လာကြိုမယ်ဆိုလို့ အိမ်နားကကော်ဖီဆိုင်မှာ သူတစ်ယောက်တည်း ထိုင်စောင့်နေတာကြာပြီဖြစ်သည်..။ အခုလောက်ဆို ဆေးရုံက သူ့တိုကင်နံပါတ်လည်းရောက်ခံနီးလောက်ပြီမို့ ဖုန်းကိုတစ်ချက်ကြည့်လိုက်မိသည်..။
နောက်ကျမယ်ဆိုရင်တောင် ဖုန်းတစ်ချက်ဆက်တာဖြစ်ဖြစ် မက်ဆေ့ခ်ျ ပို့တာဖြစ်ဖြစ် လုပ်လို့ရနေပေမယ့်.. အခုထိစာမလာ သတင်းမကြားဖြစ်နေပုံရရင် အလုပ်မှာ ပြသာနာတက်နေလို့လားမသိ..။
ကောင်းထက် အရင်ဆုံး လင်းရောင်ကိုဖုန်းဆက်ကြည့်လိုက်သည်..။
( လူကြီးမင်းခေါ်ဆိုသော ဖုန်းမှာ.. )
ပထမတစ်ခေါက်မကိုင်တော့.. ကောင်းထက် ဒုတိယတစ်ကြိမ်ခေါ်ကြည့်လိုက်သည်..။
( လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ..)
နှစ်ကြိမ်လုံး ဖုန်းကမြည်ပေမယ့် မကိုင်တာကြောင့် .. အစည်းအဝေးမို့ အသံပိတ်ထားတာလည်းဖြစ်နိုင်တာမို့... သူစိတ်လျော့ကာ မက်ဆေ့ခ်ျတစ်စောင်သာပို့လိုက်သည်..။
( လင်းရောင် ကျွန်တော်ဆေးရုံသွားနှင့်လိုက်မယ်... ၊ အားပြီဆို ဖုန်းပြန်ခေါ်နော်.. )
အပြင်က မိုးအခြေအနေကိုကြည့်၍ ကောင်းထက်သက်ပြင်းချကာ.. သူယူလာတဲ့ထီးအမည်းကို ဆွဲယူပြီး ဆိုင်အပြင်ထွက်လိုက်သည်..။ မိုးသည်းနေတဲ့အတွက် ကားငှားဖို့တောင်မလွယ်တာမို့ .. ထီးဆောင်းရင် လမ်းထိပ်လောက်ကို လမ်းလျှောက်ပြီး တွေ့တဲ့ ကားတစ်စီးကိုငှားလိုက်သည်..။
လင်းရောင် ဒီနေ့အလုပ်စောစောဆင်းဖို့ အလုပ်တွေကိုအမြန်အပြီးသတ်ထားတာ ထင်တဲ့အတိုင်း သူမှန်းထားတဲ့အချိန်မှာပင် အကုန်လုံးအပြီးသတ်နိုင်သွားသည်မို့ ကောင်းထက်ကိုသွားကြိုရန် ကားသော့ကိုယူပြီး ကုတ်အင်္ကျီပြန်ဝတ်နေချိန် မြည်လာတဲ့ သူ့ဖုန်းသံကြောင့် ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းကိုထုတ်ကြည့်မိလိုက်သည်..။
YOU ARE READING
မှားယွင်းသောချစ်ခြင်း စစ်မှန်သောမေတ္တာ
Teen FictionMyanmar Boy Love Series Zawgyi/Unicode version Originally written by _Pan_