ဒီဇင်ဘာလ ၁၆ရက် , ၂၀၁၆ ခုနှစ်
ရန်ကုန်မြို့
အလင်းရောင် စာရွက်စာတမ်းတွေနဲ့ ရှုပ်ပွနေတဲ့ စားပွဲကို တစ်ချက်လှမ်းကြည့်လိုက်ပြီး.. သက်ပြင်းချမိလိုက်သည်..။ အခု ဘာလုပ်လို့ ဘာကိုင်ရမှန်း သူတကယ်မသိတော့ပေ..။ သူ့မှာ ဘာဆိုဘာမှမကျန်တော့..။ အခင်းဖြစ်လို့ ပိတ်ထားရတဲ့ သူတို့အိမ်လေးကလွဲရင်.. ရှိသမျှအကုန် ထုခွဲရောင်းချကာ..ဖေဖေ့ အကြွေးတွေကို လိုက်ရှင်းပေမယ့်.. ပမာဏ အနည်းငယ်ကျန်နေသေးသည်..။
မိုးစက်နဲ့ တာရာက တစ်ဖက်တစ်လှမ်းက ကူညီကြသော်လည်း.. သူ့ရဲ့အသုံးမကျမှုပေါ် သူငယ်ချင်းတွေရဲ့ ခင်မင်မှုကိုယူကာ .. အခွင့်အရေးမယူချင်တာကြောင့် .. ငွေနဲ့ပတ်သတ်တဲ့ အကူအညီမျိုးဆို တတ်နိုင်သလောက် မတောင်းမိအောင် ရှောင်သည်..။ အခု သူသွားတဲ့နေရာတိုင်းမှာလည်း သတင်းနှိုက်ချင်တဲ့ သူတွေတကောက်ကောက်မို့ ဘယ်နေရာမှ ကောင်းကောင်းသွားမရဘဲ.. တာရာ့ ကော်ဖီဆိုင်မှာ ကျောက်ချနေတာဖြစ်သည်..။
" အလင်းရောင်.. တစ်ခုခုစားလိုက်ဦး.."
တာရာလာချပေးတဲ့ ကော်ဖီနဲ့စတော်ဘယ်ရီကိတ်မုန့်ကို သူလှမ်းကြည့်လိုက်သည်..။ စတော်ဘယ်ရီကိတ်.. ရုတ်တရက် ကောင်းကို ထပ်သတိရသွားတာမို့ .. သူခေါင်းကို ခပ်နာနာကုတ်လိုက်မိသည်..။ အပုန်းကောင်းတဲ့ ကောင်းကို ဘယ်ရှုထောင့်ကနေ ဘယ်လိုရှာရှာ သူရှာလို့မတွေ့သေးပါ..။
" စိတ်မပူပါနဲ့.. ငါတို့ သူ့ကို တွေ့မှာပါ.. ငါရော မိုးစက် ရော လူတွေလွှတ်ထားတာမို့ .."
တာရာ့ စကားကို သူလက်ခံစွာ ခေါင်းညိမ့်လိုက်သည်..။ သူတစ်ခုခုကို ပြန်ပြောဖို့ ပြင်တုန်း.. သူ့ဖုန်းက အသံမြည်လာတာကြောင့် .. ဖွင့်ကြည့်လိုက်တော့.. မင်းခ ဆီက မက်ဆေ့ခ်ျပင်..။
အလင်းရောင် မက်ဆေ့ခ်ျကိုဖွင့်ကြည့်ကြည့်လိုက်ချင်း.. မျက်လုံးပြူးသွားမိသည်..။ မင်းခ ပို့လာတဲ့ ဓာတ်ပုံထဲမှာ ကောင်းနဲ့ လရိပ်ချိုပင်..။ အဲ့တာထက်အရေးကြီးတာက ကောင်းက ဝှီးလ်ချဲနဲ့ပင်..။ အလင်းရောင် မင်းခရဲ့ စာကိုဖတ်လိုက်သည်...။
YOU ARE READING
မှားယွင်းသောချစ်ခြင်း စစ်မှန်သောမေတ္တာ
Teen FictionMyanmar Boy Love Series Zawgyi/Unicode version Originally written by _Pan_