အပိုင်း ( ၁၃ ) အပိုငျး ( ၁၃ )

8.8K 563 24
                                    

Zawgyi //

ဒီနေ့တစ်နေ့လုံးဟာ မေသရအတွက်ဆိုးရွားတဲ့နေ့စွဲတွေထဲက တစ်ရက်အဖြစ် သတ်မှတ်လို့ရနေပြီဖြစ်သည်..။ အိမ်ကစထွက်ထဲက ခလုတ်တိုက်ပြီး အပြင်ရောက်သလို.. ၊ ချိန်းထားတဲ့သူတွေကလည်း မိုးသည်းလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တစ်ယောက်မှပေါ်မလာခဲ့ပေ..။ လုပ်စရာမရှိလို့ ရှော့ပင်ထွက်မယ်ဆိုပြန်တော့လည်း လမ်းမှာပင် ဘီးချော်ပြီး သစ်ပင်ကိုဝင်တိုက်မိလျက်သားဖြစ်သွားသည်..။ တော်သေးတာက သူနဲ့ဖုန်းပြောလက်စဖြစ်နေတဲ့ အလင်းရောင်ဆိုတဲ့လူက အချိန်မှီရောက်လာပြီး သူ့ကို ကယ်ပေးခဲ့လို့..။

စစတွေ့ချင်းကတည်းက အလင်းရောင်ဆိုတဲ့လူက ပေါင်းသင်းရလွယ်တဲ့ သူမျိုးမဟုတ်မှန်းသတိထားမိသည်..။ ထင်ထားသလောက်လည်း ယဉ်ကျေးမှုမရှိသလို.. မင်္ဂလာပွဲနဲ့ပတ်သတ်လာရင် မိန်းကလေးဖြစ်တဲ့သူ့ထက်ကို ပိုပြီးဆတ်ဆတ်ထိမခံ ဘူးတစ်လုံးဆောင်ထားပုံရသည်..။ ရုပ်ရည်လေးကြည့်တော့ ကြည့်ပျော်ရှုပျော်ရှိပြီး.. သူ့လို မိန်းကလေးမျိုးနဲ့တောင် တစ်ချက်မျက်လုံးလှန်ကြည့်ဖို့စိတ်ကူးမရှိတဲ့ ယောင်္ကျားမျိုး မေသရဘဝမှာ ပထမဆုံးကြုံဖူးတာလို့ရှက်ရှက်နဲ့ပဲ ဝန်ခံရမှာပဲ..။

မေသရ ဆိုတဲ့ သူမကိုယ်တိုင်ကလည်း အညတရ ဗိုင်းကောင်းကျောက်ဖိ မိန်းကလေးမဟုတ်ပဲ.. ကျောင်းတုန်းကတည်းက သူမ လိုချင်တာမရဘူးဆိုတာမျိုးမရှိရအောင် .. ရွှေပလ္လင်ပေါ်မှာထိုင်ပြီး စံမြန်းလာတဲ့ မိန်းကလေးတစ်ယောက်..။ ပြိုင်ပွဲတိုင်းအတွက် ဆုကသေးသည်ဖြစ်စေ ကြီးသည်ဖြစ်စေ ပထမနေရာရဲ့ ဒိုင်းဆုတွေတိုင်းမှာ မေသရဆိုတဲ့ နာမည်က အမြဲနေရာယူထားမြဲပေ..။

ကျောင်းတိုင်း ၊ အတန်းတိုင်း ၊ လုပ်ငန်းခွင်တိုင်းက ယောင်္ကျားတွေက သူ့ရဲ့ ရုပ်ရည် မဟုတ်ရင် စည်းစိမ်ကို ကြည့်ကာ အနားကပ်လာကြသူတွေမို့.. မေသရက ယောင်္ကျားတွေဆို အထင်ကြီးလေ့မရှိပါ..။

အဲ့တာကြောင့် နောက်ဆုံး သူမရဲ့ဖေဖေက ဒီအခြေအနေထိရောက်အောင် စီစဉ်ခဲ့တာဖြစ်သည်..။ မေသရ က ထုံးစံအတိုင်း အလင်းရောင်ကိုလည်း တွေ့ဖူးနေကြ ယောင်္ကျားတွေလိုမျိုး သူ့ရဲ့ အာရုံစိုက်ခံရအောင် မိမိုက်နေတဲ့ပုံဖမ်းပြီး ကပ်လာတယ်ထင်ပေမယ့်..၊ ကြည့်ရသလောက်တော့ အလင်းရောင်ဆိုတဲ့ သူက သေချာပေါက် သူ့ကို ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင်မထင်တဲ့ထိ စိတ်ဝင်စားမှုတစ်စိုးတစ်စင်းမျှ မရှိတဲ့ပုံပင်..။ ဒါကို သတိပြုမိတဲ့အချိန်မှာ မေသရတစ်ယောက် ထူးဆန်းစွာနဲ့ပဲ .. ပထမဆုံးအနေနဲ့ ယောင်္ကျားတစ်ယောက်ကို ကိုယ့်ဘက်ကအရင် တစ်ဂျီဂျီ အကြောင်းအမျိုးမျိုးပြကာ ဖုန်းတွေဆက်တိုက် ဆက်နေခဲ့မိသည်..။

မှားယွင်းသောချစ်ခြင်း စစ်မှန်သောမေတ္တာWhere stories live. Discover now