Zawgyi//
ကောင်းထက် တံခါးကိုကျောပေးလိုက်ပြီး.. နောက်ပြန်လှည့်မကြည့်ပဲ လှေကားအတိုင်း တစ်ချိုးတည်း ပြေးဆင်းလိုက်သည်..။ ဟိုတယ်အဝမှာရပ်ထားတဲ့ မ ရဲ့ ကားပေါ်ရောက်ခံနီးမှာ .. ကောင်းရဲ့ ခြေထောက်တွေ လုံးဝခွေကျသွားသည်..။
" ယံယံ.."
မ က ကားပေါ်ကနေ ပြေးဆင်းလာပြီး.. သူ့လက်မောင်းကိုချိတ်တွဲလိုက်သည်..။
" လာ.. ကားပေါ်တက်လိုက်.. "
ကောင်းထက်.. ကြမ်းပြင်မှာ တရွတ်ဆွဲနေတဲ့ သူ့ခြေထောက်နှစ်ချောင်းကို မယုံနိုင်စွာ တစ်ခေါက်ပြန်ကြည့်လိုက်သည်..။ သူ့အာရုံတွေနဲ့ ကြိုးစားပြီးထောက်သလောက်.. ခြေထောက်တွေက ရွေ့မလာပေ..။
" ယံယံ!! ယံယံ ? "
ကောင်းထက် မ ခေါ်သံကြောင့် အာရုံတွေပြန်စုစည်းမိသွားသည်..။ မ က သူ့ကို စိုးရီမ်စွာ ကြည့်နေပြီး.. သူ့တစ်ကိုယ်လုံးကို မနိုင့်တနိုင်နဲ့ ဆွဲထူပေးနေရသည်..
" မ .. ကျွန်တော် .. ကျွန်တော့် ခြေထောက်.. "
ကောင်းထက် မ ရဲ့ လက်မောင်းတွေကို ကယောင်ကတမ်းလှမ်းဆွဲထားမိသည်..။ မ ကနှုတ်ခမ်းကို ခပ်တင်းတင်းဖိကိုက်ထားကာ.. သူ့ကိုခေါင်းခါပြရင်း.. အနီးနားကို အူအညီတောင်းရန်လှမ်းကြည့်ပြီးနောက်..
"အစ်ကိုရေ ညီမကို တစ်ချက်လောက်ကူညီပါ.."
မ ကအနီးနားက လုံခြုံရေး ဦးလေးကြီးတစ်ယောက်ကို လှမ်းခေါ်ပြီးနောက်..
" ညီမ မောင်လေးကို ကားထဲကူထည့်ပေးပါနော်.. သူနေသိပ်မကောင်းလို့ပါ.."
ထို့နောက် လုံခြုံရေး ဦးလေးကြီးရဲ့ အကူအညီနဲ့ ကောင်း ကားထဲကို ရောက်သွားသည်..။ ကားအပြင်မှာ ဖုန်းစကားပြောနေတဲ့ မ ကို ကောင်းထက် တစ်ချက်လှမ်းကြည့်လိုက်ပြီး.. အခုထိ လှုပ်ရှားမှုမရှိလာသေးတဲ့ သူ့ခြေထောက်တွေကို သူပြန်စမ်းနေမိသည်..။
" ယံယံ..ဖေဖေက ပြောတယ် .. ဆေးသောက်ပြီး.. ခဏငြိမ်ငြိမ်လေးနေလိုက်ရင် သက်သာသွားမှာတဲ့ အဲ့တာကြောင့် ဘာမှစိတ်မပူနဲ့နော်.."
လရိပ်က ကားထဲမှာ အသင့်ထည့်ထားတဲ့ ဆေးဘူးထဲက ဆေးလုံးတွေကို ကောင်းထက်ရဲ့လက်ထဲထည့်ပေးပြီး.. ရေသန့်ဘူးတစ်လုံးကို အသင့်ဖွင့်ပေးထားလိုက်သည်..။ ဘာစကားမှမပြောပဲ ဆေးသောက်နေတဲ့ ကောင်းကို လရိပ်ခိုးကြည့်နေမိသည်..။
YOU ARE READING
မှားယွင်းသောချစ်ခြင်း စစ်မှန်သောမေတ္တာ
Teen FictionMyanmar Boy Love Series Zawgyi/Unicode version Originally written by _Pan_