အပိုင်း ၁

597 49 1
                                    

သွေးဆိုသောအရာသည်ကား တစ်စုံတစ်ဦးအား နာကျင်စေပြီးမှ နီရဲရဲတောက်အရောင်ဖြင့် လှပစွာ ထွက်ပေါ်လာခြင်းဖြစ်သည်။ ထို့ကြောင့် ကျွန်တော်ဟူသည် နာကျင်ခြင်းဟူသည်ကိုလည်း အလွန်အမင် နှစ်သက်၏...။

/ //~~သွေးစွန်းနေသော ပန်းချီကား~~~///

လပြည့်နေ့ဟုဆိုရသော်လည်း တိမ်များဖြင့် ဖုံးအုပ်နေသည့်အတွက်ကြောင့် လ ကိုတွေ့နိုင်ဖို့ရာအလွန်ခက်ခဲနေ၏။
လသည်လည်း ထူးဆန်းစွာ ယနေ့မှ ပျောက်ကွယ်နေလို့။
ထိုအတူ အမြဲတမ်း ပြုံးရွှင်နေပြီး မျက်လုံးမြှေးမြှေးလေးဖြင့် လမင်းအား အမြဲတစေ မျှော်ကြည့်နေသော ကောင်လေးမှာလည်း ပျောက်ဆုံးလို့။
  
  လမင်းကြီးသည် ထိုကောင်လေး မရှိလို့များ ပျောက်ကွယ်နေခြင်း ဖြစ်ပါသည်လား....

အို...အသင်လမင်းကြီး...ထိုသို့ ပျောက်ကွယ်နေမည့်အစား ထိုကောင်လေးအား ရှာတွေ့နိုင်ရန် အလင်းရောင်လေးများ အနည်းနှင့် အများ ဆောင်ကြဉ်းပေးပါ....

///~~~~သွေးစွန်းနေသော ပန်းချီကား~~~///

" Busan မြို့မှ Seoul မြို့သို့သွားရာ လမ်း၌ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွား...။ အမျိုးသားတစ်ဦးသေဆုံး အမျိုးသမီးနှစ်ဦး ဒဏ်ရာရ။ တစ်ဦး ပျောက်ဆုံး။ ထိုပျောက်ဆုံးနေသူမှာ အမေဟုဆိုရသော ဒဏ်ရာရအမျိုးသမီး ၏ ပြောကြားချက်အရ ပျောက်ဆုံှးူမှာ သူမ၏ သားဖြစ်ကြောင်း၊ Busan Art University ၌ တက်ရောက်အောင်မြင်ပြီးသော ကျောင်းသားတစ်ဦး ဖြစ်ပြီး ထိုမှ တစ်ဆင့် Seoul သို့ ပန်းချီပညာကို ပိုမိုတတ်မြောက်စေရန် သွားရောက်လေ့လာရာမှ ဤသို့ မတော်တစ်စ ယာဉ်တိမ်းမှောက် ဖြစ်သွားခြင်း ဖြစ်ပါကြောင်း၊ အသက်မှာ ၂၁ ရှိပြီဖြစ်ပြီး အမည်မှာ Byun Baekhyun ဖြစ်ပါကြောင်း။ ရဲများကလည်း ထိုကောင်လေးအား ဆက်လက်ရှာဖွေလျက်ရှိပြီး ယာဉ်တိုက်မှု ဖြစ်ပွားရသည့် အကြောင်းအရင်း တစ်စုံတစ်ရာကို စုံစမ်းလျက် ရှိကြောင်း သိရ... "

 
"ဟယ်..ကောင်လေးခင်ဗျား သနားစရာလေးဘဲ။ ငယ်ငယ်ရွယ်ရွယ် လေးနဲ့ ရုပ်လေးကလည်း ချစ်စရာလေး။ ဒါပေမဲ့လည်း သနားပါတယ်ကွယ်..။ ပျောက်နေတယ်ဆိုတော့ အသက်ရောရှင်သေးပါ့မလား မသိဘူးနော်..။"
 
"အော်...ဘယ်ပြောလို့ရမှာလည်း..ကုသိုလ်ကံကလည်း ရှိသေးတာကို...ကံကောင်းရင်တော့ တစ်နေရာရာမှာ အသက်ရှင်နေဦးမှာပေါ့..."

  ထိုသူများက TV ဖန်သားပြင်ပေါ်မှ အပြစ်ကင်းစင်စွာ ပြုံးပြနေသော ကောင်လေးကို ကြည့်ရင်း ပြောဆိုနေကြခြင်း ဖြစ်ပေ၏။ သို့သော် ယခုအချိန်တွင်မူ ထိုကောင်လေးသည် လူတစ်ဦး၏ ရင်ခွင်ကျယ်ကြီး၌ နီရဲရဲသွေးများ သူ၏ခေါင်းထက်မှ လုပစွာ စီးဆင်းလာခြင်းဖြင့်ငြိမ်သက်အပြစ်ကင်းစွာ အိပ်စက်၍ လိုက်သွားသည်ကိုတော့ သိကြမည်မဟုတ်ပေ....။

_ _ _ _ _ _ _ _ _ _ _ _ _ _

လူခြေတိတ်ဆိတ်နေသော အိမ်ခြံဝင်းကြီးထဲသို့ တရှပ်ရှပ်ဖြင့် ဝင်လာသော ဖိနပ်တစ်စုံ..ပတ်ဝန်းကျင်ကား သစ်အင် ချုံပုတ်များဖြင့် ဖုံးလွှမ်းနေပြီး လူနှစ်ဦး၏ အသက်ရှူသံနှင့် ခြေသံမှာတစ်ပါး မည်သည့်အသံမျှပင် မကြားလောက်အောင်ကို တိတ်ဆိတ်ငြိမ်သက်လှ၏။ ထိုလူသားသွားနေရာ ဦးတည်ရာကို လှမ်းမျှော်ကြည့်လိုက်ပါက အနီစောင် အုတ်ချပ်များဖင့် စီရီတည်ဆောက်ထားသော အိမ်ဟောင်းကြီး...ဖယောင်းတိုင်များဖြင့် တစ်အိမ်လုံး လင်းထိန်နေသော်လည်း ထိုအိမ်ကြီးမှာ ခြောက်ခြားဖွယ်အသွင်ကိုသာ ဆောင်နေ၏။ အျကြာင်းမှာ ထိုအိမ်ကြီးသည် အလွန်တစ်ရာ ကြီးမားလှသည်က တစ်ကြောင်း၊ ထူအုပ်နေသော သစ်ပင်ကြီးများက ဖုံးလွှမ်းနေသည်ကတစ်ကြောင်း၊ အိမ်တံခါးပေါက်၊ ပြတင်းပေါက်နားတွင် အနည်းငယ် စွန်းနေသော သွေးများကြောင့်လည်းကောင်း ပင်ဖြစ်လိုက်မည်။
ထို့သို့ကြောက်ဖွယ်ကောင်းလှသည့် အိမ်ကြီးဆီသို့ အဘယ်ကြောင့် ထိုလူသားသည် မျက်နှာထားတည်ငြိမ်စွာဖြင့် အကြောက်အရွံ့ တစ်စုံတစ်ရာမရှိ ဦးတည်သွားနေရပါသနည်း။

သေချာသည်ကတော့ ထိုသူ၏ ရင်ခွင်ထဲရှိ ကောင်လေးသည် အေးချမ်းစွာ အိပ်စက်၍ လိုက်ပါလည်း သူနိုးထလာခဲ့သည်ရှိသော
ငရဲဟုခေါ်နိုင်သော ခြောက်ခြားစရာနေရာကြီးသည် သူ့အားဆီးကြိုနေမည်မှာ အသေအချာပင်....။

သို့ရာတွင် ထိုနေရာကပင် ထိုကောင်လေးနှင့် သူ့အားရင်ခွင်ထဲ၌ ခေါ်ဆောင်လာသော ကောင်လေးတို့ နှစ်ဦး အကြား၌ ဝမ်းနည်းစရာ နာကျင်စရာ အမှတ်တရများသာမက  အချစ်ဟူသည့် ဆန်းကြယ်သည့်အရာ ပေါ်ပေါက်လာမည်ကိုတော့ မည်သူမှ သိကြလိမ့်မည်မဟုတ်ပေ.....။

~~//// သွေးစွန်းနေသော ပန်းချီကား/////~~
  
 
                           အပိုင်း (၂)
                              မျှော်~~

အမြည်းလာကျွေးခြင်းဖြစ်သည်........။
           
           Next update will be very late..sorry for that😢😢

  

သွေးစွန်းနေသော ပန်ချီးကားWhere stories live. Discover now