"အ...!"
မိမိလက်ကို အပ်ကဲ့သို့သော တစ်စုံတစ်ရာဖြင့် ဖောက်လိုက်သောခံစားချက်...ဆူးခနဲအောင့်လာသော ခံစားချက်ကြောင့် လန့်နိုးလာရသည်....သို့သော မိမိမျက်လုံးအား ကာစီးထားသော အမည်းရောင် ပိတ်စနက်ကြီးကြောင့် ဘာဆိုဘာမှ မမြင်ရ...ထို့အတူ လက်မှာ ချည်နှောင်ထားသော သံကွင်းတို့ကြောင့်လည်း ရုန်းသော်လည်း လှုပ်၍မရ..
"Oh....နိုးလာပြီလား...Babe..? Sorry ..ကိုယ်မင်းကိုနှိုးလိုက်သလို ဖြစ်သွားတယ်ထင်တယ်..ဟက် ဟက်."
"Park...Park Chan Yeol....အခုဒါက ဘာလုပ်နေတာလဲ...ပြန်လွှတ်ပေးစမ်း!!!! "
"ဟက်...ကလေး....ကိုယ်ကမင်းထက်ကြီးတယ်နော်...ရိုရိုသေသေ ပြောဆိုဆက်ဆံသင့်တယ်လို့ မထင်ဘူးလား..."
ဟုဆိုကာ သူ၏လက်ကြားထဲသို့ ကျနော်ဆံပင်တို့ကို ဆွဲယူကာ အနောက်သို့ဆွဲလှန်လိုက်သောသူ...
"အ..! နာ...နာတယ်...ဟင့်.."
ကြောက်ရွံ့လာသောစိတ်တို့ကြောင့် ငိုချချင်လာသည်အထိ...လက်ကဆူးခနဲ ခံစားချက်သည်လည်း မပြီးသွား..မိမိသွေးတို့ ဆုပ်ယူခံနေရသည့်ခံစားချက်က စိတ်တို့အား တုန်လှုပ်နေသည်..ထိုကြားမှ ကျနော်လည်ပင်အား ပူပူနွေးနွေး လျှာဖျားဖင့် လျက်လိုက်သည့်သူကြောင့် ခန္ဓာကိုယ်တစ်ခုလုံး လျှပ်သီးလျှပ်သွားသကဲ့သို့ ခံစားချက်...
"ဟင့်....ဖယ်...ဘာလုပ်နေတာလဲ...ငါ့ကို မလျှက်နဲ့...ငါမကြိုက်ဘူး ...အား..ဟင့်.."
ရုန်းလိုက်တိုင်းအနောက်က ဆံပင်တို့ကို ဆွဲကာခေါင်းကိုမော့ထားသောကြောင့် ကျနော့်ခေါင်းဆိုလျှင် ထုံထိုင်းလို့နေပြီ...
"တော်ပါတော့....ဟင့်....ကျနော်မရုန်းနိုင်တော့ဘူး ...ပင်ပန်းလှပြီ..ဆံပင်တွေလည်း နာတယ်....အား!!!"
ရုတ်တရက် မိမိလည်ပင်းအား ငုံခဲပြီး ကိုက်ချလိုက်သောသူ့ကြောင့် သွေးကြောတွေ ပေါက်ထွက်သွားသလို စပ်ဖျင်းဖျင်းဖြင့်.. ထိုသူကတော့သနည်းနည်းမျှမမှု..အသာလျှာဖြင့် ထိုးဆွကာ သွေးတို့ကို အငမ်းမရသုံးဆောင်နေသည်တဲ့လား....။
ဘုရားရေ...လူစင်စစ်က သွေးစုပ်တယ်တဲ့လား...
ဘယ်လောက်တောင် ရူးသွပ်မှုလဲ...
YOU ARE READING
သွေးစွန်းနေသော ပန်ချီးကား
Fanficသွေးဆိုသည်ကား လူသားတို့အတွက်.... ကြောက်ရွံ့မှု၊ထိန့်လန့်မှု၊ ရွံရှာမှု၊စက်ဆုပ်မှု တို့ကို ပေးစွမ်းနိုင်သည့်အရာ..။ သို့သော် ကျွန်တော့်အတွက်တော့ သွေးဆိုသည့်အရာကား...တစ်ခါတစ်ရံ စိတ်ကျေနပ်မှုကို ပေးစွမ်းသကဲ့သို့ တစ်ခါတစ်ရံမှာတော့ ဝမ်းနည်းမှုကို ပေးစွမ်းနိုင်သ...